အင်္ဂလန် လက်ရွေးစင် အသင်းမှ တောင်ပံကစားသမား ဂျိမ်းစ်မီလ်နာက ဥရောဖလား ကွာတားဖိုင်နယ်တွင် ပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံမည့် မန်ချက်စတာစီးတီး အသင်းဖော် မာရီယို ဘာလော့တယ်လီသည် မျက်နှာနှစ်ခုနှင့် လူသားဟု ညွှန်းဆို ပြောကြားလိုက်သည်။
ပြဿနာ ရှာရာတွင် နာမည်ကြီးသော အီတလီ လက်ရွေးစင် ဘာလော့တယ်လီသည် မန်စီးတီး အသင်းဖော်များ ဖြစ်သည့် မီလ်နာအပြင် ဂျိုလီယန် လက်စ်ကော့တ်၊ ဂျိုးဟတ်တို့ကို ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်မည် ဖြစ်သည်။ ဘာလော့တယ်လီသည် ယခုပြိုင်ပွဲတွင် မိခင်နိုင်ငံ အသင်းအတွက် အိုင်ယာလန်ဘက်သို့ တစ်ဂိုး သွင်းယူပေးပြီး ဖြစ်သည်။ ထို့နောက် အောင်ပွဲ ခံရာတွင် ပေါက်ကွဲ ရေရွတ်ရန် ဟန်ပြင် နေခြင်းကြောင့် အသင်းဖော်များက ၎င်း၏ ပါးစပ်ကို လက်ဖြင့် ၀ိုင်းပိတ်ခဲ့ရသေးသည်။
မီလ်နာက အသက်(၂၁)နှစ်အရွယ် အသင်းဖော်နှင့် ပတ်သက်ပြီး "တကယ်တော့ ဘာလော့တယ်လီ နှစ်ယောက်ရှိပါတယ်။ တစ်ခါတစ်ခါကျရင် ဘာလော့တယ်လီဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ခပ်အေးအေးပဲ နေလေ့ရှိတယ်။ ပြောရရင် ဘာကိုမှ စိတ်မ၀င်စားသလိုပဲ။ ဒါပေမဲ့ တခြား အချိန်တွေမှာတော့ အံ့ဩလောက်စရာ ပါရမီကောင်းတွေကို ပြသတတ်ပါတယ်။ သူဟာ ထိပ်တန်းအဆင့် ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ဒါကို သူကိုယ်တိုင်လည်း သိတယ်လေ။ ကျွန်တော်တို့ အားလုံးနဲ့တော့ နောက်နောက် ပြောင်ပြောင်ပါပဲ။ အိုင်ယာလန်ဘက်ကို သူဂိုးသွင်းလိုက်တာ တော်တော် ကောင်းပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကတော့ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကစားနေနိုင်တဲ့ အတွက် သူ့ကို တားဆီးနိုင်မယ် ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
တကယ်တော့ ဘာလော့တယ်လီ နှစ်ယောက်ရှိပါတယ်။ တစ်ခါတစ်ခါကျရင် ဘာလော့တယ်လီဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ခပ်အေးအေးပဲ နေလေ့ရှိတယ်။ ပြောရရင် ဘာကိုမှ စိတ်မ၀င်စားသလိုပဲ။ ဒါပေမဲ့ တခြား အချိန်တွေမှာတော့ အံ့ဩလောက်စရာ ပါရမီကောင်းတွေကို ပြသတတ်ပါတယ်...
မီလ်နာက မန်စီးတီး အသင်းဖော် လက်စ်ကော့တ်သည် ဘာလော့တယ်လီအား ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ "လက်စ်ကော့တ်က ဘာလော့တယ်လီ အကြောင်းကို ကောင်းကောင်း သိထားတယ်။ သူနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေကျ ဆိုတော့ အထာ နပ်နေပါပြီ။ ဘာလော့တယ်လီဟာ ပြိုင်ဘက်ကို ပြဿနာတွေ ဖန်တီး ပေးတတ်သူပါ။ သူ့ရဲ့ လှည့်စားမှုတွေ သိပ်ကောင်းသလို အင်နဲ့အားနဲ့ ထိုးဖောက် တတ်တာကြောင့် သူ့ကို သတိထား ထိန်းသိမ်းဖို့တော့ လိုပါတယ်" ဟုလည်း မီလ်နာက ပြောကြားသွားသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com