လီဗာပူးလ် မန်နေဂျာ ရာထူးကို လက်ခံယူပြီး ဘရန်ဒန် ရော့ဂျာအတွက် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စသည် ခံစစ်မှူး မာတင် စကာတယ်လ်အား ဆက်လက် ထိန်းသိမ်း ထားရေးပင် ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးသည် အသက်(၂၇)နှစ်အရွယ် ဆလိုဗက်ကီးယား ဗဟိုနောက်ခံ ကစားသမားအား အလို ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခြင်းသည် အသင်းကို တောင့်တင်း ကျစ်လစ်အောင် တည်ဆောက်မည့် ရော့ဂျာ အတွက် ခေါင်းကျိန်းစရာ ဖြစ်လာခဲ့သည်။ စကာတယ်လ်သည် မာကျော ကြံ့ခိုင်သော ကစားသမားကောင်း တစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီ အတွင်းက အန်းဖီးလ် ခံစစ်ကြောင်းတွင် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့သလို တိုက်စစ်ထိ လိုက်ပါကာ ဂိုးသွင်း ယူပြခဲ့သည်။
မန်စီးတီးသည် ကိုလိုတိုရေးနှင့် စတီဖန်ဆာဗစ်တို့အနက် တစ်ဦးဦးကို ရောင်းထုတ်ကာ အဆင့်မီ ခံစစ်သမားတစ်ဦး ဖြည့်တင်းရန် ရည်ရွယ်ထားပြီး စကာတယ်လ်အား မျက်စိကျနေသည်။ အစောပိုင်းက အေစီမီလန်မှ ဘရာဇီးလ် လက်ရွေးစင် သီယာဂို ဆေးလ်ဗားကို မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ချိတ်ဆက်ခဲ့သော်လည်း ဈေးနှုန်း မြင့်မားလွန်းခြင်းကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံ ပြည့်ဝပြီးဖြစ်သည့် စကာတယ်လ်ထံ ဦးလှည့်လာခြင်း ဖြစ်သည်။ မီလန်သည် ဆေးလ်ဗားအတွက် ပေါင်စတာလင် သန်း(၄၀)မျှ အလို ရှိနေသော်လည်း စကာတယ်လ်၏ ပေါက်ဈေးမှာ ယင်း၏ ထက်ဝက်မျှသာ ရှိနိုင်သည်။
မန်စီးတီးသည် ကိုလိုတိုရေးနှင့် စတီဖန်ဆာဗစ်တို့အနက် တစ်ဦးဦးကို ရောင်းထုတ်ကာ အဆင့်မီ ခံစစ်သမားတစ်ဦး ဖြည့်တင်းရန် ရည်ရွယ်ထားပြီး စကာတယ်လ်အား မျက်စိကျနေ...
ထို့အပြင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၀၀၀၀) ရရှိနေသော စကာတယ်လ်အတွက် မန်စီးတီးက လုပ်ခလစာ မြှင့်တင် ပေးချေရန် မည်သည့် အခက်အခဲမျှ ရှိမည် မဟုတ်ချေ။ ရော့ဂျာသည် အသင်းမှ ကစားသမားများကို စုစည်း ဆွေးနွေးမှု မပြုလုပ်မီ ယင်းတို့အား ထိန်းသိမ်းရေးကိုပါ အာရုံစိုက် ဆောင်ရွက်ရဖွယ် ရှိနေသည်။ မီလန် အသင်းသည်လည်း လီဗာပူးလ် ဂိုးသမား ပီပီရေနာအား စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com