22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, June 21, 2012

အီတလီထက် စပိန်နှင့် ရင်ဆိုင် ရသည်ကို ပိုကျေနပ်မိကြောင်း နာဆရီဆို

အီတလီထက် စပိန် အသင်းနှင့် ကစားရန် အကြောင်း ဖန်လာခြင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဆမ်မီ နာဆရီက ပြောကြားလိုက်သည်။

ပြင်သစ် အသင်းသည် ဥရောပ ဖလား အုပ်စု(D)တွင် ဆွီဒင်အား အရေး နိမ့်သည့်နောက် အုပ်စု ဒုတိယ အဖြစ် ကွာတားဖိုင်နယ် တက်ရောက်ကာ အုပ်စု(C)မှ အုပ်စုဗိုလ် စပိန်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ နာဆရီက မိမိသည် အီတလီကို စပိန်ထက် ပိုမို စိုးရွံ့မိကြောင်း ၀န်ခံခဲ့သည်။ ဗင်းဆင့်ဒဲလ်ဘော့စကေး ဦးဆောင်လာသည့် စပိန် အသင်းထက် စာလျှင် အီတလီက ကစားရန် ပိုမိုခက်ခဲသော ပြိုင်ဘက်ဟု နာဆရီက သုံးသပ် ပြောကြားသွားသည်။ နာဆရီက "ကျွန်တော်ကတော့ ဒီပြိုင်ပွဲမှာ စပိန်ကို ရေပန်း အစားဆုံးလို့ မထင်ဘူး။ ဂျာမန်တွေက ပိုအထင်ကြီးလောက်တယ်" ဟု ဆိုသည်။


မန်ချက်စတာ စီးတီး အသင်း၏ ကစားသမားက "စပိန်နဲ့ အီတလီဟာ နှစ်သင်းလုံး ကစားရ ခက်တဲ့ ပြိုင်ဘက်တွေပါ။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာ အီတလီက ပိုပြီး ခက်ခဲလိမ့်မယ်။ သူတို့ဟာ ခံစစ်သမား (၅)ယောက်လောက်ကို သုံးပြီး ကစားကွက် ခင်းကျင်းတယ်။ ရှေ့မှာ ကွင်းလယ်ခံစစ်သမား (၃)ယောက်လောက် ရှိသေးတယ်။ စပိန်က ဘောလုံးကို ကိုင်ကစားတတ်တယ်။ ပြင်သစ်ဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ စပိန်နဲ့ ရင်ဆိုင်ရရင် ရလဒ်ကောင်းလေ့ ရှိပါတယ်။ ဒီတစ်ကြိမ်လည်း အဲဒီ မှတ်တမ်းမျိုး ဆက်ရှိနေအောင် ကြိုးစားမှာပါ" ဟု ပြောဆိုခဲ့သည်။

စပိန်နဲ့ အီတလီဟာ နှစ်သင်းလုံး ကစားရ ခက်တဲ့ ပြိုင်ဘက်တွေပါ။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာ အီတလီက ပိုပြီး ခက်ခဲလိမ့်မယ်။ သူတို့ဟာ ခံစစ်သမား (၅)ယောက်လောက်ကို သုံးပြီး ကစားကွက် ခင်းကျင်းတယ်။ ရှေ့မှာ ကွင်းလယ်ခံစစ်သမား (၃)ယောက်လောက် ရှိသေးတယ်...
၎င်းက "ကျွန်တော်တို့ နောက်ပွဲမကစားခင် (၃)ရက်လောက်ပဲ အနား ရထားတယ်။ ဒါက နည်းနည်းတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားမှာပါ။ ကျွန်တော်တို့ဟာ ကြုံခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အသင်းကောင်း တစ်ခုအဖြစ် စုစုစည်းစည်း ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟုလည်း ဖွင့်ဟ ပြောကြားသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )