သုဝဏ္ဏကွင်း အထူးတန်း ဘက်ခြမ်းတွင် သန့်ရှင်းရေး လုပ်ငန်းများ အတွက် ကူညီဆောင်ရွက် ပေးနေသည့် Myanmar Youths In Action အဖွဲ့အား အကူအညီ ပေးသူများ ပိုမို များပြားလာကြောင်း သိရသည်။
တောင်ကိုရီးယား - မြန်မာ ပွဲစဉ်အပြီးတွင် MYIA အဖွဲ့နှင့် အတူ မြန်မာ ဘောလုံးချစ် ပရိသတ် အချို့၊ ရန်ကုန်ဖန် ကလပ် အဖွဲ့ဝင်များတို့မှ အထူးတန်း သန့်ရှင်းရေး လုပ်ငန်းများ အတွက် ၀ိုင်းဝန်း ကူညီအားဖြည့် ပေးခဲ့ကြောင်း သိရသည်။ "ဗီယက်နမ်နဲ့ ပွဲအပြီးမှာ ကျွန်မတို့ အဖွဲ့ကို ပရိသတ် ၄၊ ၅ယောက်လောက် လာပြီး ပြောပါတယ်။ နောက်ရက်တွေမှာ သူတို့လည်း ၀ိုင်းပြီး ကူညီပေးမယ် ဆိုပြီး ပြောပါတယ်။ ဒီနေ့ ပွဲအပြီးမှာတော့ ရန်ကုန် ယူနိုက်တက် ပရိသတ်များ အဖွဲ့က ၀ိုင်းပြီး ကူညီပေးခဲ့ပါတယ်။ လူနည်းနည်းနဲ့ လုပ်ရတာထက် လူအင်အား ပိုများလာတော့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မှာပါ" ဟု ဆိုခဲ့သည်။
MYIA အဖွဲ့သည် ယူ-၂၂ ဘောလုံးပြိုင်ပွဲ မှစတင်၍ သုဝဏ္ဏကွင်း အတွင်း အမှိုက်ပုံများ ချထားကာ သန့်ရှင်းရေး လုပ်ငန်းများ အတွက် ကူညီ အားဖြည့်နေသည့် Volunteer အဖွဲ့တစ်ခု ဖြစ်သည်။ ၎င်းတို့ အဖွဲ့သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် အဖွဲ့တစ်ခု ဖြစ်ကာ အသက် ၃၀နှစ်အောက် လူငယ်များဖြင့်သာ စုဖွဲ့ထားခြင်း ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com