22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 28, 2012

Automation စနစ်ဖြင့် လှော်ကား ပင်မ ဓာတ်အားခွဲ စက်ရုံကို ထိန်းချုပ် ဆောင်ရွက်မည်

 

မြန်မာနိုင်ငံ အတွင်းရှိ ပင်မ ဓာတ် အားခွဲ စက်ရုံများ ထဲမှ ရန်ကုန် တိုင်းဒေ သကြီး
မင်္ဂလာ ဒုံမြို့နယ်ရှိ မြန်မာ့လျှပ် စစ်ဓာတ်အားလုပ်ငန်း လှော်ကား ပင်မဓာတ်အားခွဲစက်ရုံကို Automation System ဖြင့် ထိန်းချုပ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ Automation System တပ်ဆင်ပြီးပါက ဓာတ်အားခွဲစက်ရုံ ရှိ 230 KV နှင့် 33 KV ဓာတ်အား လိုင်းများ ထရန်စဖော်မာများ၏ ဝန် အားဗို့အားအစရှိသော လျှပ်စစ်ပိုင်း ဆိုင်ရာ အချက်အလက်များကို အ လွယ်တကူစောင့်ကြပ် ကြည့်ရှုနိုင် မည်ဖြစ်သည့်အပြင် ဓာတ်အားခွဲစက် ရုံ၏ HMI Computer များ အဖွင့် အပိတ်များကို HMI Computer မှနေ၍ ထိန်းချုပ်ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဝန်ထမ်းအင်အား များစွာ သက်သာလာမည်ဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါ Automation System ကို တပ်ဆင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ကိုရီးယား နိုင်ငံမှ ကုမ္ပဏီတစ်ခုက လှူဒါန်းတပ် ဆင်ပေးခြင်းဖြစ်ကြောင်း သိရပြီး လက် ရှိအချိန်တွင် ဓာတ်အားခွဲစက်ရုံ၏ စနစ် အားလုံးကို စက်ရုံရှိ ဝန်ထမ်းအင်အား များဖြင့်သာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )