22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 28, 2012

အသက်၅၀ ကျော်များ တွင် ကြုံတွေ့ ရနိုင်သော ခံတွင်း ပြဿနာ များ

 

၁။ အာခေါင်ခြောက်ခြင်း
အသက်ကြီး လာတဲ့ အခါ ငယ်ရွယ် တုန်း ကလို မဟုတ် တော့ ဘဲ
ခံတွင်း ထဲမှာ တံတွေးအထွက်နည်းလာပါတယ်။ တံ တွေးက သွားမှာတွယ်ကပ်နေတဲ့ အစာ အြွကင်းအကျန်တွေနဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ တံ တွေးအထွက်နည်းတာကြောင့် သွားဖုံး ရောဂါနဲ့ သွားတွေပျက်စီးတာကို ပိုမိုဖြစ် စေပါတယ်။ သွားဆရာဝန်ုငာဘနမူပ က ခံတွင်းခြောက်စေတဲ့အကြောင်းတွေ များစွာရှိပေမယ့် အသက်ကြီးသူတွေမှာ ဆေးဝါးတွေသောက်သုံးရတာကြောင့် အများဆုံးဖြစ်တတ်တယ်လို့ ဆိုပါတယ်။
၂။ သွားပိုးစားခြင်း
ကလေးအရွယ်မှာ အချိုတွေ စား လွန်းတာ၊ ခံတွင်းသန့်ရှင်းမှု အားနည်း တာတွေကြောင့် လူလတ်ပိုင်းအရွယ်မှာ သွားပိုးပေါက်ဖြစ်ပြီး သွားတွေပျက်စီးဆုံး ရှုံးတာကို ခံစားကြရပါတယ်။ ငယ်ရွယ် စဉ်မှာ ချို့ယွင်းခဲ့တဲ့ သွားတွေကို ဖာထေး ပြုပြင်ခဲ့ကြပေမယ့် အသက် ၅၀ ကျော် အရွယ်ရောက်လာတဲ့အခါ ဖာထေးထား တာတွေ ပျက်စီးတာမျိုးလည်း ကြုံတွေ့ရ နိုင်ပါတယ်။ သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ၊ ဖလူရိုက်ပါတဲ့ သွားတိုက်ဆေး အသုံးပြု ပြီး မှန်ကန်တဲ့နည်းစနစ်နဲ့ သွားတိုက်ပါ။
၃။ ခံတွင်းရောဂါများ
ခံတွင်းဆိုင်ရာရောဂါတွေကို နှစ် ရှည်လများခံစားနေရတာကြောင့် သွား ပတ်ဝန်းကျင်မှာရှိတဲ့ အရိုးတွေ ဆုံးရှုံးမှု ဖြစ်ပေါ်စေပါတယ်။ အသက်ကြီးလာ တာနဲ့အမျှ သွားတွေ ဆုံးရှုံးနိုင်ခြေ များ ပါတယ်။ တချို့ခံတွင်းရောဂါတွေက နာ ကျင်မှုမရှိတာကြောင့် သွားဆရာဝန်နဲ့ မပြသဖြစ်တဲ့အတွက် သွားတွေဆုံးရှုံးမှုဖြစ် စေပါတယ်။
၎။ သွားကြိတ်ခြင်း
ညစဉ်ညတိုင်း သွားကြိတ်တာ ကြောင့် သွားအပေါ်သက်ရောက်တဲ့ဒဏ် ဟာ အသက်ကြီးလာချိန်မှာ သွားတွေ ဆုံးရှုံးမှုကို တခြားသူတွေထက် ပိုမိုဖြစ် ပေါ်စေပါတယ်။ ဒါကြောင့် သွားတွေ ဒဏ်မဖြစ်အောင် ညအိပ်ချိန်မှာ သွား ကြိတ်တတ်သူတွေအတွက် သီးသန့်ထုတ် လုပ်ထားတဲ့ သွားအကာတပ်အိပ်ပါ။
၅။ ခံတွင်းကင်ဆာ
ဆေးလိပ်နဲ့ အရက်ကို ကြာရှည်စွဲ သောက်သူတွေမှာ အသက်ကြီးလာတဲ့ အခါ ခံတွင်းကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ဒါ့အပြင် ဆေးလိပ် မသောက်သူတွေနဲ့ စာရင် ဆေးလိပ်သောက်သူတွေက သွား တွေ ဆုံးရှုံးနိုင်ခြေ ပိုများတာကိုလည်း တွေ့ ရပါတယ။်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )