22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

ဇွန် ၁၁ ရက်မှ ယနေ့ထိ ပြန်ပို့ ခံရသူ မြန်မာနိုင်ငံသား ၁၂၀၀ သာရှိကြောင်း BGB တပ်ရင်းမှူး ပြောကြား

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ နောက်ပိုင်း ဘင်္ဂလာဒေခ်ျ့သို့ ခိုလုံရန် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂၀၀ ခန့်ကို  လက်မခံဘဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု အမှတ် ၄၂ BGB တပ်ရင်းမှူးက ပြောသည်။
BGB
အဆိုပါ ကိန်းဂဏန်းမှာ ရခိုင်တွင် ပေါ်ပေါက်ခဲ့သော လူမူရေး  မတည်ငြိမ် မူ ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့ထိ  စုစုပေါင်း အရေအတွက် ဖြစ်ကြောင်း တက်ကနက်မြို့ အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှူး ဗိုလ်မှူးချုပ် ဇာဟိတ် ဟာဆန်က သတင်းထောက်များသို့ ပြောသည်။

တက်ကနက် မြို့ကို ရခိုင်လို ကယုချောင်းမြို့ဟု ခေါ်ပြီး မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည်။ အမှတ် ၄၂ BGB (Border Guard Bangladesh) တပ်ရင်းသည် မြန်မာနယ်စပ် နတ်မြစ် တလျှောက်ကို လုံခြုံရေး တာဝန်ယူထားသော တပ်ရင်း ဖြစ်သည်။

လွန်ခဲ့သော ဇူလိုင်လ ၂၆ ရက်နေ့ကလည်း တက်ကနက်မြို့နယ် နီလာမြို့အနီးမှ လှေဖြင့် နတ်မြစ် ကို ဖြတ်ကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံမှ မွတ်ဆလင် လူမျိုး ၁၁ ဦးထက် မနည်းကို ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇာဟိတ် ဟာဆန်က ပြောကြားသည်။

ဘင်္ဂလားဒေခ်ျ့သို့ ခိုလုံရန် ၀င်ရောက်လာသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး သူတို့အား အစားအသောက်၊ ဆေးဝါးနှင့် တခြားလိုအပ်ပစ္စည်းများအား ထောက်ပံ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သူက ပြောသည်။

ရခိုင်တွင် အရေးအခင်း ဖြစ်ပေါ်ပြီးနောက် မွတ်ဆလင် ဒုက္ခသည် ထောင်ပေါင်းမြောက်များစွာ ထွက်ပြေးလာကြသည်ဟု သတင်းများတွင် ရေးသားဖေါ်ပြသော်လည်း အမှန်မှာ ၁၂၀၀ ခန့်သာ လှေများဖြင့် ၀င်ရောက်လာခဲ့ကြသည်ဟု သူက ဆိုသည်။

သို့သော်လည်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာ ကုန်းနှင့် ရေပါ ဆက်စပ် တည်ရှိနေ သဖြင့် မြန် မာဘက်က  ၀င်ရောက်လာသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ  တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )