အာဆင်နယ် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် တိုက်စစ်မှူး နစ်ကလက်စ် ဘန်တနာအား အေစီမီလန်နှင့် ဂါလာတာဆာရေး အသင်းများက ချိတ်ဆက်နေကြောင်း သိရှိရသည်။
အာဆင်နယ်သည် ဒိန်းမတ် လက်ရွေးစင် ကစားသမား အတွက် ဈေးနှုန်းကို ပေါင်စတာလင် (၇.၅)သန်း ဝန်းကျင်မျှ သတ်မှတ်ထားသည်။ ဘန်တနာသည် အာဆင်နယ်နှင့် အဆင်မပြေ ဖြစ်နေခဲ့ရာ ပြီးခဲ့သည့် ဘောလုံး ရာသီက ဆန်းဒါးလန်းတွင် အငှားသွားရောက် ကစားခဲ့ရသည်။ ထို့အပြင် ၎င်းသည် ဥရောပ ဖလား ပြိုင်ပွဲတွင် ဒိန်းမတ်အတွက် ခြေစွမ်းပြကာ (၂)ဂိုး သွင်းယူ နိုင်ခဲ့သည်။ ဘန်တနာသည် အာဆင်နယ်နှင့် (၇)နှစ်ကြာ လက်တွဲပြီးနောက် ယခု နွေရာသီတွင် အမ်းမရိတ်စ်ကို သေချာပေါက် ကျောခိုင်းဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား ဆက်လက် ထိန်းသိမ်းနိုင်ရန် မျှော်လင့်နေပြီး ဘန်တနာ ကဲ့သို့ အသင်းတွင် မလိုအပ်တော့သည့် ကစားသမားများကို ရောင်းထုတ်ကာ လုပ်ခလစာ လျှော့ချနိုင်ရေး စီစဉ်ထားသည်။ မီလန်သည် ၎င်းတို့၏ အဓိက တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်အား ရောင်းချ ခဲ့ပြီးနောက် ကြံ့ခိုင်မှု ကောင်းမွန်သော ကစားသမား တစ်ဦးကို ခေါ်ယူရန် ဆန္ဒ ရှိနေသည်။ ဂါလာတာဆာရေးသည်လည်း တိုက်စစ် အင်အားကို မြှင့်တင်ရန် ရည်ရွယ်ထားရာ ဘန်တနာအား ဆက်သွယ် နေခြင်းဟု သိရှိရသည်။
ဘန်တနာသည် အာဆင်နယ်နှင့် (၇)နှစ်ကြာ လက်တွဲပြီးနောက် ယခုနွေရာသီတွင် အမ်းမရိတ်စ်ကို သေချာပေါက် ကျောခိုင်းဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com