တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အသင်းမှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကွင်းလယ်လူ လူကာမိုဒရစ်အား အခြေအနေတိုင်းကို ပိုမို ဆိုးရွားစေသူ အဖြစ် ဝေဖန် ပြစ်တင်လိုက်သည်။
စပါး အသင်းမှ ခရိုအေးရှား လက်ရွေးစင် မိုဒရစ်သည် ယခုနွေရာသီတွင် ဝှိုက်ဟတ်လိန်းကို စွန့်ခွာရန် ကြိုးပမ်းလျှက် ရှိနေသည်။ လက်ရှိတွင် စပိန် ချန်ပီယံ ရီးယဲလ် မက်ဒရစ် အသင်းသည် အသက်(၂၆)နှစ်ရှိ မိုဒရစ်အား ခေါ်ယူရန် ချိတ်ဆက် ကမ်းလှမ်းလျှက် ရှိသည်။ မိုဒရစ်သည် ဘိုအာ့စ် ချယ်လ်ဆီးကို မန်နေဂျာ အဖြစ် တာဝန်ယူစဉ် ပြီးခဲ့သည့် နှစ်ကလည်း ချယ်လ်ဆီးသို့ ကူးပြောင်းရန် ကြိုးစား ခဲ့သေးသော်လည်း မအောင်မြင်ခဲ့ချေ။ သတင်းများက မိုဒရစ်သည် စပါး၏ အမေရိကန် ခြေစမ်း ခရီးစဉ်တွင် လိုက်ပါရန် ငြင်းဆန် ထားကြောင်းလည်း ဖော်ပြခဲ့သည်။

စပါးမှ ထွက်ခွာချင်နေသည့် မိုဒရစ်
ဘိုအာ့စ်က "လက်ရှိ အနေအထား အရတော့ မိုဒရစ် လုပ်တာတွေ မှားနေတယ်လို့ ထင်တယ်" ဟု AS သို့ ပြောကြားခဲ့သည်။ "ဒီလုပ်ရပ်တွေက သူ့အတွက် ဆုတ်ယုတ်မှုပဲ ဖြစ်စေမှာပါ။ သူက အခြေအနေ အားလုံးကို ပိုဆိုးအောင် လုပ်နေသလိုပဲ။ သူ့လုပ်ရပ်တွေကြောင့် ခုချိန်မှာ စပါး ဥက္ကဋ္ဌက အရမ်း ဒေါသ ထွက်နေပါတယ်။ ဥက္ကဋ္ဌ ဒန်နီလီဗိုင်းဟာ ခုချိန်မှာ ဇနီးသည် နေမကောင်းလို့ အမေရိကန် ရောက်နေပါတယ်။ မိုဒရစ် လုပ်နေတာတွေ အတွက် ခုလက်ရှိက အချိန်ကောင်း မဟုတ်တာ သေချာပါတယ်" ဟုလည်း ပြောကြားသွားသည်။
ဒီလုပ်ရပ်တွေက သူ့အတွက် ဆုတ်ယုတ်မှုပဲ ဖြစ်စေမှာပါ။ သူက အခြေအနေ အားလုံးကို ပိုဆိုးအောင် လုပ်နေသလိုပဲ...
၎င်းက မိုဒရစ်သည် ကစားသမားကောင်း တစ်ဦးဖြစ်သည်ကိုမူ ဝန်ခံခဲ့သည်။ "သူဟာ အရမ်းအရမ်း ကောင်းတဲ့ ကစားသမားပါ။ သူ့ကို ကျွန်တော် ချယ်လ်ဆီးမှာ ရှိတုန်းက ခေါ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ မိုဒရစ်ဟာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖန်တီးနိုင်တဲ့ ကစားသမားပါ။ ပြီးတော့ နေရာစုံလည်း ကစားနိုင်ပါတယ်။ ဒါကြောင့် အသင်းတိုင်း လိုလိုက သူ့ကို အလို ရှိနေတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့"ဟုလည်း ဘိုအာ့စ်က ပြောဆို သွားခဲ့သည်။
Ref:Skysports



11:32 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com