ရောဘတ် လီဝင်ဒေါစကီးအား အင်္ဂလန် ကလပ် အသင်းများ အပြိုင်အဆိုင် စိတ်ဝင်စား လာကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ချယ်ဆီးနှင့် တော့တင်ဟမ် ဟော့စပါး အသင်းတို့သည် ဘိုရပ်ရှားဒေါ့တ်မန် ရှေ့တန်း ကစားသမားအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ပိုလန် လက်ရွေးစင် လီဝင်ဒေါ့စကီးကို ဂျာမန်ချန်ပီယံ ဒေါ့တ်မန်က ပေါင်စတာလင် သန်း(၂၀) ဈေးနှုန်း သတ်မှတ်ထားသည်။ စပါး မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် တိုက်စစ်အင်အား ဖြည့်တင်းရေး အတွက် ၎င်း၏ အသင်းဟောင်း ချယ်လ်ဆီးကို ဖိအားပေး ယှဉ်ပြိုင်ရန် အသင့် ရှိနေကြောင်းလည်း သတင်း များက ဖော်ပြခဲ့သည်။
စပါးသည် ယခုနွေရာသီ ဈေးကွက်တွင် အင်နှင့်အားနှင့် လှုပ်ရှားဖွယ် ရှိနေရာ ဂျာမန်မြေတွင် ဂိုးပေါင်း (၃၀)သွင်းယူထားသည့် ကစားသမားအား ချိန်ရွယ် လာခဲ့သည်။ လီဝင်ဒေါစကီးသည် ပြီးခဲ့သည့် ဘောလုံးရာသီ ဂျာမန် ဘွန်းဒစ်လီဂါ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သလို အကောင်းဆုံး ကစားသမား ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည်လည်း လီဝင်ဒေါစကီးကို စိတ်ဝင်စား နေသည့်တိုင် ၎င်းသည် ယခု နွေရာသီတွင် တိုက်စစ်ထက် ကွင်းလယ်ပိုင်းကို အာရုံစိုက် ဖြည့်တင်းဖွယ် ရှိနေကြောင်း သိရှိရသည်။
စပါး မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် တိုက်စစ်အင်အား ဖြည့်တင်းရေး အတွက် ၎င်း၏ အသင်းဟောင်း ချယ်လ်ဆီးကို ဖိအားပေး ယှဉ်ပြိုင်ရန် အသင့်ရှိနေကြောင်းလည်း သတင်းများက ဖော်ပြ...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com