ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)သည် စပိန် လက်ရွေးစင် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်နှင့်သာ ထိုက်တန်ကြောင်း ပီပီရေနာ၏ ဖခင်ဖြစ်သူက ပြောကြားလိုက်သည်။
စပိန် အသင်း၏ အရန် ဂိုးသမားနှင့် လီဗာပူးလ်၏ ကျောနံပါတ်(၁)ဖြစ်သူ ရေနာ၏ ဖခင် မီဂွယ်လ်ရေနာက ပြီးခဲ့သည့် ဘောလုံးရာသီ အတွင်း အကောင်းဆုံး လက်စွမ်းပြခဲ့သည့် ရီးယဲလ်မက်ဒရစ် ဂိုးသမား ကားဆီးလက်စ်သည် အမြင့်ဆုံး ဂုဏ်ပြုဆုနှင့် ထိုက်တန်ကြောင်း ထောက်ခံခဲ့သည်။ ကိုယ်တိုင်ကလည်း ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ် အသင်းများတွင် ဂိုးသမားအဖြစ် ပါဝင်ဖူးသော မီဂွယ်လ်က ဥရောပ ဖလားတွင် စပိန်အသင်း ချန်ပီယံ ဘွဲ့ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့စဉ် ကားဆီးလက်စ် ဦးဆောင်မှု ပေးခဲ့ခြင်း အပေါ် အထင်တကြီး ရှိနေသည်။
"ရှင်းပါတယ်။ ကားဆီးလက်စ်သာ Ballon d'Or ဆုနဲ့ ထိုက်တန်ပါတယ်"ဟု အသက်(၆၆)နှစ်ရှိ မီဂွယ်လ်က ASသို့ ပြောကြားခဲ့သည်။ "သူဟာ ဥရောပ ချန်ပီယံ အသင်းရဲ့ အသင်းခေါင်းဆောင်ပါ။ ပြီးတော့ ရီးယဲလ်နဲ့ အတူ အရမ်း ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းပြီး လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုးရိုးသားသားပဲ ကျွန်တော် ပြောပါမယ်။ သူလုပ်ပြခဲ့တာတွေက သူနဲ့ ဒီဆု ထိုက်တန်ကြောင်း သံသယ ကင်းကင်း လက်ခံနိုင်စေမယ် ထင်ပါတယ်။ ကားဆီးလက်စ်ဟာ လူသားတစ်ယောက် စွမ်းဆောင်နိုင်တဲ့ အမြင့်ဆုံး အရည်အသွေးကို ပြခဲ့ပါတယ်။ သူဟာ လူငယ် ကစားသမားတိုင်း အတွက် စံပြ တစ်ယောက်ပါ" ဟု မီဂွယ်လ်က ကားဆီးလက်စ်အား ချီးကျူးခဲ့သည်။၎င်းက ဆက်လက်၍ "သူ့ရဲ့ မျှတတဲ့ စိတ်ဓာတ်ပိုင်းက ချီးကျူးစရာပါ။ ဥရောပဖလား ဗိုလ်လုပွဲမှာ ဒိုင်က အပိုဆောင်းချိန် သတ်မှတ်မလို့ ဆုံးဖြတ်တော့ သူက အကူဒိုင်ကနေ တစ်ဆင့် နောက်ထပ် အပိုဆောင်းချိန် မသတ်မှတ်ဖို့ ပြောပါတယ်။ ဒါဟာ အီတလီအပေါ် လေးစားမှု ပြသဖို့ပါ။ အီတလီတွေ နောက်ထပ် နာကျင် ခံစားနေတာမျိုး သူက မဖြစ်စေချင်ခဲ့ဘူး။ သူဟာ ဘောလုံးရော၊ အားကစားနယ်ပယ် တစ်ခုလုံးမှာပါ ပြယုဂ်တစ်ခုဖြစ်မယ့် ပုဂ္ဂိုလ်မျိုးပါ" ဟုလည်း ညွှန်းဆိုသွားသည်။
ရိုးရိုးသားသားပဲ ကျွန်တော် ပြောပါမယ်။ သူလုပ်ပြခဲ့တာတွေက သူနဲ့ ဒီဆု ထိုက်တန်ကြောင်း သံသယ ကင်းကင်း လက်ခံနိုင်စေမယ် ထင်ပါတယ်။ ကားဆီးလက်စ်ဟာ လူသားတစ်ယောက် စွမ်းဆောင်နိုင်တဲ့ အမြင့်ဆုံး အရည်အသွေးကို ပြခဲ့ပါတယ်။ သူဟာ လူငယ် ကစားသမားတိုင်း အတွက် စံပြ တစ်ယောက်ပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com