22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

ကိန်းအသင်းမှ လူငယ် ကစားသမား နီအန်ကို အသင်းတွင် လာရောက် လေ့ကျင့်ရန် အာဆင်နယ် ဖိတ်ခေါ်

အာဆင်နယ် အသင်းသည် ကိန်းအသင်းမှ လူငယ် ကစားသမားလေး အမ်ဘေယီ နီအန်ကို အသင်းတွင် အစမ်းလာရောက် လေ့ကျင့်ရန် ခွင့်ပြုခဲ့သည်။

အသက်(၁၇)နှစ်သာ ရှိသေးသော နီအန်အား ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များတွင် အာဆင်နယ်၌ လာရောက်ပူးပေါင်း လုပ်ဆောင်ရန် အသင်းက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် လီဂူးဝမ်းမှ တန်းဆင်းသွားသော ကလပ် အသင်း၏ နည်းပြဖြစ်သူ ပက်ထရိုက် ဂါရန်ဒေးကမူ အကယ်၍ အာဆင်နယ် အသင်းက နီအန်အား ခေါ်ယူရန် ကမ်းလှမ်းလာပါက ဆန့်ကျင်ဖွယ် ရှိနေကြောင်း သိရသည်။ နီအန်သည် ပွဲပေါင်း(၃၀) ကစားကာ အသင်းအတွက် (၅)ဂိုး သွင်းယူ ပေးခဲ့သော်လည်း ကိန်းအား လီဂူးဝမ်းတွင် ဆက်ရှိနေအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
ကိန်းအသင်းမှ လူငယ် ကစားသမား နီအန်

နယူးကာဆယ်လ် ယူနိုက်တက်နှင့် စတုတ်ခ်စီးတီး တို့ကလည်း နီအန်ကို စိတ်ဝင်စားနေသည့်တိုင် အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ဘက်များကို အသာစီးယူကာ လူငယ်တိုက်စစ် ကစားသမားလေးအား အမ်းမရိတ်စ်တွင် အစမ်းလာရောက် လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်။ ဂါရန်ဒေးက "ကျွန်တော့်ကို ဘယ်လို မေးခွန်းတွေ မေးမလဲ။ နီအန်က အရည်အချင်းရှိလား ဆိုရင် ဟုတ်တယ်လို့ ဖြေမယ်။ သူ့မှာ အလားအလာကောင်းတွေ ရှိလားဆိုရင် ဟုတ်တယ်လို့ ဖြေမယ်။ ဒါပေမဲ့ လက်ရှိ အနေအထားဟာ သူ့အတွက် အပြောင်းအလဲ တစ်ခုခု ရွေးချယ်ဖို့ အကောင်းဆုံးလား ဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ကျွန်တော် ပြောပါမယ်" ဟု ပြောကြားသွားသည်။ဂါရန်ဒေးက လာမည့်ရာသီ အသင်းတွင် နီအန် ဆက်ရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီးမူ "တကယ်လို့ သူဒီမှာ ဆက်ရှိရင် သူ့ကို ကျွန်တော် ကြပ်မတ် သွန်သင် ပေးသွားပါမယ်။ မနက်ဖြန် သူအသင်းက ထွက်သွားရင်တော့ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရဘူးပေါ့" ဟုလည်း ဖြေဆို သွားခဲ့သည်။
အသက်(၁၇)နှစ်သာ ရှိသေးသော နီအန်အား ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များတွင် အာဆင်နယ်၌ လာရောက်ပူးပေါင်း လုပ်ဆောင်ရန် အသင်းက ခွင့်ပြုခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )