22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

တယ်ရီ၏ လူမျိုးရေး ခွဲခြားသည့် အမှုကိစ္စ တနင်္လာနေ့က စတင်စစ်ဆေး

ဂျွန်တယ်ရီ၏ လူမျိုးရေး ခွဲခြားမှု စွဲချက်နှင့် ပတ်သက်ပြီး ယမန်နေ့က တရားရုံးတွင် ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့သည့်နောက် တယ်ရီ၏ ရှေ့နေက ပြဿနာသည် မိမိ၏ အမှုသည်ဘက်မှ အစပြုခဲ့ခြင်း မဟုတ်ဟု ပြောဆိုသွားသည်။

ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီသည် QPRနောက်ခံလူ အန်တန် ဖာဒီနန်အား လူမျိုးရေး ခွဲခြားစော်ကားမှုကြောင့် ရုံးတက် အမှုရင်ဆိုင်ခဲ့ရသည်။ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့က နှစ်သင်းယှဉ်ပြိုင် ကစားစဉ် တယ်ရီက ဖာဒီနန်အား လူမျိုးရေး ခွဲခြားပြောဆိုနေပုံကို တစ်ကမ္ဘာလုံးရှိ ရုပ်မြင်သံကြား ပရိသတ် သန်းပေါင်းများစွာ တွေ့မြင်ခဲ့ရသည်။ တနင်္လာနေ့က ၀က်စ်မင်စတာ တရား ရုံးတွင် ယင်းအမှုကို ကြားနာ စစ်ဆေးရာ တယ်ရီ၏ ရှေ့နေက ဖာဒီနန်ဘက်မှ နှုတ်မှုရေးရာအရ စတင် တိုက်ခိုက်ခဲ့သဖြင့် မိမိ၏ အမှုသည်က တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်လှဲချက် ပေးသွားခဲ့သည်။
တရားရုံးရှေ့တွင် တွေ့ရသော တယ်ရီ

တယ်ရီ၏ ရှေ့နေများထံမှ လျှောက်လှဲမှုကို ကိုးကားပြီး တရားရုံးရှေ့နေ ဒန်ကန် ပန်နီက "မစ္စတာ ဖာဒီနန်က မစ္စတာ တယ်ရီရဲ့ လူသိများတဲ့ ကိစ္စတစ်ခုကို စတင်တိုက်ခိုက် ပြောဆိုခဲ့တယ်လို့ တရားရုံးမှာ အစစ်ခံရပါတယ်။ အသင်းဖော် တစ်ယောက်ရဲ့ ဇနီးနဲ့ မစ္စတာ တယ်ရီရဲ့ ဆက်ဆံရေးကို မစ္စတာ ဖာဒီနန်က စပြီးတော့ အော်ဟစ် လှောင်ပြောင်ခဲ့ပြီး မစ္စတာ တယ်ရီက စကားလုံးတွေနဲ့ တုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ မစ္စတာ တယ်ရီရဲ့ ပြောဆိုမှုတွေဟာ မစ္စတာ ဖာဒီနန် ကိုယ်စားပြုနေတဲ့ လူမျိုးစုတစ်ခုကို ထိခိုက်သွားခဲ့ပါတယ်"ဟု ပြောကြားသွားသည်။
တယ်ရီက ၎င်း၏ ပြောဆိုရေရွတ်မှုသည် လူမျိုးရေး ခွဲခြားရန် စိတ်ပါလက်ပါ ပြောဆိုခဲ့ခြင်း မရှိကြောင်းမူ တောက်လျှောက် ငြင်းဆန်ထားခဲ့သည်။ တယ်ရီသည် ချယ်လ်ဆီး အသင်းဖော်ဟောင်း ၀ိန်းဘရစ်ဂ်ျ၏ ဇနီးနှင့် ဖောက်ပြန်ကြောင်း စွပ်စွဲမှုများကြောင့် အရှက်တကွဲ ဖြစ်ခဲ့ဖူးသည်။ နှစ်သင်း ပွဲကစားရင်း တင်းမာမှု အမြင့်မားဆုံး အခြေအနေတစ်ခုတွင် အပြန်အလှန် စကားလုံးများဖြင့် ထိုးနှက်ရင်း ယခုပြဿနာ ပေါ်ပေါက်လာခြင်းဟု တရားရုံး စစ်ချက်များက ညွှန်ပြလျှက် ရှိနေသည်။ တယ်ရီ၏ အမှုတွင် ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်မှာ ပေါင်စတာလင် (၂၅၀၀)ထက် မပိုနိုင်ဟု သတင်းများက ဆိုသည်။
အသင်းဖော် တစ်ယောက်ရဲ့ ဇနီးနဲ့ မစ္စတာ တယ်ရီရဲ့ ဆက်ဆံရေးကို မစ္စတာ ဖာဒီနန်က စပြီးတော့ အော်ဟစ် လှောင်ပြောင်ခဲ့ပြီး မစ္စတာ တယ်ရီက စကားလုံးတွေနဲ့ တုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ မစ္စတာ တယ်ရီရဲ့ ပြောဆိုမှုတွေဟာ မစ္စတာ ဖာဒီနန် ကိုယ်စားပြုနေတဲ့ လူမျိုးစုတစ်ခုကို ထိခိုက်သွားခဲ့ပါတယ်...

ဖာဒီနန်က မိမိ လူမျိုးရေး ခွဲခြားပြောဆို ခံရချိန်တွင် ဒိုင်များအား တိုင်ကြားခဲ့သေးကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော် အရမ်းနာကျင်မိပါတယ်။ အဲဒီတုန်းက ကျွန်တော် ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ စိတ်လွတ်ကိုယ်လွတ် လုပ်ကိုင်နေလို့ မရပါဘူး။ ဒီအကြောင်းကို ပွဲကြီးကြပ်သူတွေ သိအောင် ပြောပြခဲ့ပါတယ်။ ပွဲပြီးမှ ဒီကိစ္စကို ကိုင်တွယ်ဖို့ပါ" ဟု ဖာဒီနန်က ဆိုသည်။ တရားခွင်ကို အင်္ဂါနေ့တွင် ဆက်လက် ကြားနာ စစ်ဆေးပြီး (၅)ရက်မျှ ကြာမြင့်ဖွယ် ရှိနေကြောင်း သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )