နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့ ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက် က၀ိမင်္ဂလာ လမ်းထိပ်ရှိ ရေကန်တွင် ၂၅.၇.၂၀၁၂နေ့ နေ့လည် ၂နာရီခန့် အချိန်က မောင်ဥာဏ်မျိုးအောင်၊ မောင်သံချောင်းနှင့် မောင်မင်းမင်းတို့ လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများမှ လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် မတရား တရားရုံး တင်ခံလိုက်ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်း မရှိပါဘဲ မတရားစွာ ရုံးတင် ခံလိုက်ရပါသည်။
တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင် တစ်သောင်း တောင်းသော်လည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီး အမှုကိုမူ မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။
တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။ အမှုလိုနေ၍ မဟုတ်သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော် သမ္မတကြီး၏ "Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် အထက်ပါ အောက်ခြေမှ ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များသည် သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေသလို အကျည်းတန် အရုပ်ဆိုးလှပါတယ်..။ ထို့ကြောင့် တရားဥပဒေအား အလွဲသုံးစားပြု၍ ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ တာဝန်ရှိသူများအား နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာနမှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည် ခင်ဗျား။
မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com