မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးသည် တောင်အာဖရိကနိုင်ငံသူ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)နှင့် ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများတွင် တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (Photo: AFP)
ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့အပြင် တချို့နေရာတွေမှာ လှုံ့ဆော်တာတွေ ပါရှိနေကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီက ကြားသိနေရကြောင်း၊ ရပ်ရွာတွင်း ပဋိပက္ခကို ရပ်တန့်အောင် ဟန့်တားတာကနေ မွတ်စလင်တွေကို ပစ်မှတ်ထား ဖြိုခွဲတဲ့အသွင်ကို ဆောင်လာတဲ့ သတင်းတွေ ရရှိနေကြောင်း၊ ဒီလုပ်ရပ်တွေကို တားဆီးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ အခု လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ဖိတ်ခေါ်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ ဒါဟာ လွတ်လပ် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို အစားထိုးလိုက်တဲ့ အဓိပ္ပာယ် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောဆိုပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေရာ ရွှေ့ပြောင်းကြ ရသူပေါင်း (၈) သောင်းလောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။
ဒုက္ခသည် သုံးသောင်းကျော် ဟာ UNHCR ရဲ့  အရေးပေါ် ထောက်ပံ့မှုတွေ ရရှိနေပြီး ဒုက္ခသည် စခန်းတွေမှာ အစိုးရက နေထိုင်စရာ အမိုးအကာတွေ စတင် ဆောက်လုပ်ပေးနေကြောင်း ပြောပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com