မန်ချက်စတာ ယူနိုက်တက် အသင်းသည် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၀) သန်း သတ်မှတ်ထားကြောင်း သိရှိရသည်။
ဘူလ်ဂေးရီးယား ရှေ့တန်းလူသည် ပြီးခဲ့သည့် ဘောလုံး ရာသီက အိုးလ်ထရက်ဖို့ဒ်တွင် ပွဲထွက်နေရာ ပျောက်ဆုံးကာ စိတ်ပျက်ဖွယ် ကာလများကို ဖြတ်သန်း ခဲ့ရသည်။ ၎င်းကို ကလပ်အသင်း အချို့က စိတ်ဝင်စား နေသော်လည်း မန်ယူ အသင်းက သတ်မှတ် ဈေးနှုန်းဖြင့် ကမ်းလှမ်းမှုမျိုး မရှိလျှင် ကစားသမားအား အသင်းတွင်ပင် ဆက်လက် ထားရှိရန် ဆုံးဖြတ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ယူ၏ ခေါ်ဈေးသည် ၎င်းအား တော့တင်ဟမ် ဟော့စပါးထံမှ ၀ယ်ယူစဉ်က ပေးချေခဲ့ရသည့် ဈေးနှုန်း၏ (၃)ပုံ (၁)ပုံသာ ရှိတော့သည်။
အသက်(၃၁)နှစ်ရှိ ဘာဘာတော့ဗ်သည် မန်ယူတွင် ၀ိန်းရွန်နီ၊ ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ဒန်နီဝဲလ်ဘက်တို့အား ကျော်ဖြတ်ကာ ပွဲထွက် နေရာအတွက် တိုးမပေါက်နိုင်ဘဲ ရှိနေသည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဘာဘာတော့ဗ် အတွက် စိတ်ကျေနပ်စရာ ကမ်းလှမ်းမှုမျိုး မရှိပါက ၀ါရင့် ကစားသမားအား စတုတ္ထ ဦးစားပေး တိုက်စစ်မှူး အဖြစ် အသင်းတွင် ဆက်လက် ထားရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘာဘာတော့ဗ်သည် မန်ယူတွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံး နေသည့်တိုင် ၎င်းနောက်ဆုံး ကစားသော ပရီးမီးယားလိဂ် (၂၈)ပွဲတွင် (၂၇)ဂိုး သွင်းယူ နိုင်ခဲ့ကြောင်း သိရှိရသည်။
မန်ယူ၏ ခေါ်ဈေးသည် ၎င်းအား တော့တင်ဟမ် ဟော့စပါးထံမှ ၀ယ်ယူစဉ်က ပေးချေခဲ့ရသည့် ဈေးနှုန်း၏ (၃)ပုံ (၁)ပုံသာ ရှိ..
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com