တော့တင်ဟမ် ဟော့စပါး အသင်းသည် တိုက်စစ်မှူး ဂျာမိန်းဒီဖိုး အတွက် ရက်ဒင်း အသင်းထံမှ ကမ်းလှမ်းမှုကို လေ့လာနေကြောင်း သိရှိရသည်။
ရက်ဒင်းသည် အင်္ဂလန် လက်ရွေးစင် ဒီဖိုးအတွက် ပေါင်စတာလင် (၅)သန်းတန် ကမ်းလှမ်းမှု တစ်ခုကို ၀ှိုက်ဟတ်လိန်းသို့ အဆိုပြု ပေးပို့ထားပြီး ဖြစ်ကြောင်း သတင်းများက ဆိုသည်။ မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အသင်းကို ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ဒီဖိုး၏ အနာဂတ်မှာ စပါးတွင် မရေမရာ ဖြစ်လာရသည်။ ဒီဖိုးသည် ပြီးခဲ့သည့် ဘောလုံး ရာသီကလည်း မန်ချက်စတာ စီးတီး အသင်းမှ အငှားလာရောက် ကစားသည့် အီမန်နျူရယ်လ် အဒီဘာယော၏ အရန် အဖြစ်သာ အများဆုံး အချိန် ကုန်ခဲ့ရသည်။
ယခုအခါ ပရီးမီးယားလိဂ် တန်းတက်အသင်း ရက်ဒင်းသည် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေရာ ဒီဖိုးကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ ရက်ဒင်းသည် ယခုနွေရာသီတွင် မျက်နှာသစ် ကစားသမား (၅)ဦးအဖြစ် နစ်ကီရှိုရေး၊ ပေဗယ်လ် ပိုဂရက်ဇ်ညက်ခ်၊ ဒန်နီ ဂူသရီ၊ ဂါရတ်သ် မက္ကလာရီနှင့် ပီယာ့စ်ဆွီနီတို့ကို ခေါ်ယူထားပြီး ဖြစ်သည်။ ရက်ဒင်း မန်နေဂျာ ဘရိုင်ယန် မက်ဒါမော့သည် အသင်း၏ တိုက်စစ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေရာ ဒီဖိုးကို ကမ်းလှမ်းမှု ပြုလုပ်လာခြင်း ဖြစ်သည်။
အသက်(၂၉)နှစ်ရှိ ဒီဖိုးသည် အင်္ဂလန်တွင် လေးစားလောက်စရာ ကစားသမား ဘ၀ မှတ်တမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် ၀က်စ်ဟမ်း ယူနိုက်တက်၊ ပို့စ်မောက်သ်နှင့် စပါးအသင်းများအတွက် ပွဲပေါင်း(၄၇၀)ကစားကာ (၁၉၅)ဂိုး သွင်းယူ ထားခဲ့သည်။
ရက်ဒင်းသည် အင်္ဂလန် လက်ရွေးစင် ဒီဖိုးအတွက် ပေါင်စတာလင် (၅)သန်းတန် ကမ်းလှမ်းမှု တစ်ခုကို ၀ှိုက်ဟတ်လိန်းသို့ အဆိုပြု ပေးပို့ထားပြီးဖြစ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com