နွေရာသီ ဈေးကွက် ကာလအတွင်း ရှင်ဂျီကာဂါဝါနှင့် နစ်ခ်ပါဝဲလ်တို့ကို ခေါ်ယူ ထားသော်လည်း အိုးလ်ထရက်ဖို့ဒ်၏ အင်အား ဖြည့်တင်းရေး စီမံကိန်းသည် ဆုံးခန်း မတိုင်သေးကြောင်း စကော့သား မန်နေဂျာကြီးက ဆိုသည်။ အသက်(၇၀)အရွယ်ရှိ ဖာဂူဆန်သည် ကာဂါဝါနှင့် ပါဝဲလ်တို့အား မီဒီယာသမား များနှင့် တွေ့ဆုံ မိတ်ဆက်ပေးသည့် အခမ်းအနားတွင် မန်ယူအသင်း အနေဖြင့် မျက်နှာသစ် ကစားသမားများ ထပ်မံ ရောက်ရှိလာအောင် အလေးအနက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အသိပေး ပြောဆို သွားခဲ့သည်။
ဖာဂူဆန်က "ကျွန်တော်တို့ နောက်ထပ် ကစားသမားသစ် တစ်ယောက်လောက် စာချုပ်ဖြစ်ဖို့ ဖြစ်လာနိုင်တယ်။ နှစ်ယောက်လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ တစ်ယောက်လောက်ကို အနည်းဆုံး ထပ်ခေါ်ဖြစ်မှာပါ" ဟု အတည်ပြုခဲ့သည်။ မန်ယူသည် လတ်တလောတွင် ဘရာဇီးလ် လူငယ် ကွင်းလယ် ကစားသမားလေး လူးကက်စ် မော်ရာနှင့် အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ် တို့ကို ချိတ်ဆက်နေသည်။ ဖာဂူဆန်က ဂျပန် လက်ရွေးစင် ကာဂါဝါနှင့် ပတ်သက်ပြီးလည်း "ကာဂါဝါဟာ တိုက်စစ်ပိုင်းကို အားပြု ကစားနိုင်ပါတယ်။ ကစားသမား တစ်ယောက်ကြောင့် အသင်းရဲ့ ကစားဟန်ကို ကျွန်တော်တို့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ ကွဲပြားတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ချဉ်းကပ်တာလည်း ရှိနိုင်ပါတယ်" ဟု ပြောကြားသွားသည်။
ကျွန်တော်တို့ နောက်ထပ် ကစားသမားသစ် တစ်ယောက်လောက် စာချုပ်ဖြစ်ဖို့ ဖြစ်လာနိုင်တယ်။ နှစ်ယောက်လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ တစ်ယောက်လောက်ကို အနည်းဆုံး ထပ်ခေါ်ဖြစ်မှာပါ.
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com