မန်ချက်စတာ စီးတီး နောက်ခံလူ အလက်ဇန္ဒား ကိုလာရော့ဗ်အား ကမ်းလှမ်း ခေါ်ယူရန် အေစီမီလန် အသင်း၏ ကြိုးပမ်းမှုမှာ ယခုအခါ ပျက်ပြယ်သွားပြီ ဖြစ်သည်။
မီလန်အသင်း နည်းပြ မက်စီမီလီယာနို အယ်လာဂရီက နွေရာသီ ဈေးကွက် ကာလတွင် ဘယ်နောက်ခံ ကစားသမား တစ်ဦးနှင့် ကွင်းလယ်လူ တစ်ဦး ၀ယ်ယူပေးရန် အသင်း၏ အမှုဆောင်ချုပ် အက်ဒရီယာနို ဂယ်လီယာနီထံ တောင်းဆိုထားသည်။ မီလန်သည် ဘယ်နောက်ခံ နေရာအတွက် မန်စီးတီး၏ ကိုလာရော့ဗ်ကို ကမ်းလှမ်းမှုတစ်ခု ပေးပို့ခဲ့သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ငြင်းဆိုခဲ့သည်။ မီလန်၏ ကမ်းလှမ်းမှုတွင် ကိုလာရော့ဗ်အား တစ်ရာသီ ဦးစွာ အငှား ခေါ်ယူပြီးမှ အပြီးသတ် ၀ယ်ယူရန် ဆိုသော အချက်ကို မန်စီးတီး ဘက်က လက်မခံခဲ့ချေ။
လာဇီယို ကစားသမားဟောင်း ကိုလာရော့ဗ်သည် ယခုနွေရာသီတွင် မန်စီးတီးမှ ထွက်ခွာမည်ဟု သတင်း ကြီးနေပြီး ၎င်းကို ဂျူဗင်းတပ်စ်ကလည်း စိတ်ဝင်စားနေသည်။ မီလန်သည် မန်စီးတီး တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ကိုလည်း ကာလရှည်ကြာ စောင့်ကြည့်နေဆဲဖြစ်ပြီး ယခုအခါ ဆာဘီးယား လက်ရွေးစင် ကိုလာရော့ဗ်ကိုပါ အတည်ပြု ကြိုးပမ်းလာခြင်း ဖြစ်သည်။ မီလန်သည် ပါလာမိုအသင်းမှ အီတလီ လက်ရွေးစင် ဖက်ဒရီကို ဘယ်လ်ဇာရက်တီကို ကမ်းလှမ်းရန်လည်း စိတ်ဝင်စား နေသည်။ သို့သော်လည်း အပြောင်းအရွှေ့ အသုံးစရိတ် ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် မီလန်သည် ကစားသမားသစ် မ၀ယ်ယူမီ အသင်းမှ ကစားသမား အချို့ကို ရောင်းထုတ်ရဖွယ် ရှိနေကြောင်း သိရှိရသည်။
မီလန်၏ ကမ်းလှမ်းမှုတွင် ကိုလာရော့ဗ်အား တစ်ရာသီ ဦးစွာ အငှား ခေါ်ယူပြီးမှ အပြီးသတ် ၀ယ်ယူရန် ဆိုသော အချက်ကို မန်စီးတီးဘက်က လက်မခံခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com