22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

ဗန်ပါစီ အာဆင်နယ်တွင် ဆက်ကစားသင့်ဟု ကီအွန် အကြံပြု

ရော်ဘင် ဗန်ပါစီ အနေဖြင့် အာဆင်နယ် အသင်းတွင်ပင် ဆက်ကစားသင့်ကြောင်း အသင်း၏ ဂန္ထ၀င် နောက်ခံ ကစားသမားဟောင်းကြီး မာတင်ကီအွန်က တိုက်တွန်း အကြံပြုလိုက်သည်။

ကီအွန်က အာဆင်နယ် အသင်းခေါင်းဆောင် တိုက်စစ်မှူး အနေဖြင့် အမ်းမရိတ်စ်ကို ခွဲခွာ သွားပါက မှားယွင်းလိမ့်မည်ဟု ဆိုသည်။ နယ်သာလန် လက်ရွေးစင် ဗန်ပါစီသည် မကြာသေးမီက ၎င်းသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း တိုးမြှင့်တော့မည် မဟုတ်ဟု အတည်ပြု ကြေညာထားခဲ့သည်။ ထို့ကြောင့် အာဆင်နယ်သည် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည့် ကစားသမားကို အသင်းမှ ရောင်းထုတ်ရန် စဉ်းစား လာရသည်။ သို့သော် အင်္ဂလန် လက်ရွေးစင်ဟောင်း ကီအွန်က ဗန်ပါစီ အနေဖြင့် အာဆင်နယ် အတွက်သာ ဆက်ကစားပေးရန် တိုက်တွန်း အကြံပြုလိုက်သည်။
အနာဂတ် မရေရာသေးသည့် ဗန်ပါစီ

"ဗန်ပါစီဟာ အာဆင်နယ် ပရိသတ်တွေ ချစ်ခင်လေးစားမှုကို ခံရတဲ့သူပါ။ ဒါပေမဲ့ သူအသင်းက ထွက်ခွာသွားဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ပါ။ အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ သူခြေနင်း လိုက်တိုင်း ရလာတဲ့ နှစ်နှစ်ကာကာ အားပေးမှုမျိုးကို ဗန်ပါစီ ဘယ်နေရာမှာ ရှာတွေ့မှာတဲ့လဲ။ သူဟာ အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့မယ် ဆိုရင် ဒါဟာ မှားယွင်းတဲ့ သုံးသပ်မှု တစ်ခုပဲလို့ ကျွန်တော်ကတော့ ထင်ပါတယ်" ဟု ကီအွန်က မှတ်ချက်ပြု ပြောဆိုသွားသည်။
သူဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ပါ။ အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ သူခြေနင်း လိုက်တိုင်း ရလာတဲ့ နှစ်နှစ်ကာကာ အားပေးမှုမျိုးကို ဗန်ပါစီ ဘယ်နေရာမှာ ရှာတွေ့မှာတဲ့လဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )