22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

အသင်း၏ နည်းစနစ်တွင် အံဝင်စွာ ခြေစွမ်းပြရန် ကာရိုးလ်ကို ရော့ဂျာ စိန်ခေါ်တိုက်တွန်း

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက အသင်းမှ တိုက်စစ်မှူး အန်ဒီကာရိုးလ် အနေဖြင့် မိမိ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွင် အံဝင်ခွင်ကျ ပါဝင်နိုင်ရန် လက်တွေ့ ပြသသင့်ကြောင်း စိန်ခေါ်လိုက်သည်။
အေစီမီလန် အသင်းက အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဝေဖန်မှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ရာသီနှောင်း ကာလများတွင် ကာရိုးလ်သည် ခြေစွမ်းပိုင်း ပြန်လည် မြင့်တက်လာခဲ့ပြီး ဂိုးများလည်း သွင်းယူလာနိုင်သည်။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၅)သန်းဖြင့် နယူးကာဆယ်လ် ယူနိုက်တက်မှ ရောက်ရှိလာသည့် ကာရိုးလ်အား လီဗာပူးလ် မန်နေဂျာသစ် ရော့ဂျာက အသင်း၏ တည်ဆောက်မှုအသစ်တွင် အကောင်းဆုံး ပါဝင်နိုင်ကြောင်း လက်တွေ့ပြသရန် လှုံ့ဆော် တောင်းဆိုလိုက်သည်။

ရော့ဂျာက ကာရိုးလ်၏ ကစားပုံနှင့် မိမိတည်ဆောက်လိုသည့် အသင်း၏ ဘောလုံး ဒဿနတို့ ကိုက်ညီမှု ရှိမရှိ အလေးထား ဆုံးဖြတ်ရမည်ဟု ပြောကြားသွားသည်။ "ရိုးရိုးသားသား ပြောရရင် ဒီအချက်ဟာ အရေးကြီးပါတယ်။ ကာရိုးလ်ရဲ့ ခွန်အားသုံး ကစားပုံကို ကျွန်တော် အသေအချာ နားလည်ပါတယ်။ ဥရောပ ဖလားမှာ အင်္ဂလန် အတွက် သူသွင်းတဲ့ ဂိုးက သူ့ရဲ့ အားသာချက်ကို ညွှန်ပြနေတယ်။ သူဟာ ကစားသမားကောင်း တစ်ယောက် ဆိုတာ ကျွန်တော် သံသယ လုံးဝ မရှိပါဘူး။ ဒါပေမဲ့ အသင်းက ကစားသမား အားလုံးလိုပဲ သူ့မှာလည်း ကိုယ်ပိုင်ဟန်တော့ ရှိပါတယ်။ ဒီကိုယ်ပိုင်ဟန်က အသင်းရဲ့ နည်းစနစ်နဲ့ အံဝင်အောင် အချိတ်အဆက်မိမိ ကစားနိုင်ပါ့မလား ဆိုတာကိုတော့ ကာရိုးလ်ကိုယ်တိုင် သက်သေပြရမှာပါ" ဟု ရော့ဂျာက မှတ်ချက်ပြုသွားသည်။
သူဟာ ကစားသမားကောင်း တစ်ယောက်ဆိုတာ ကျွန်တော် သံသယ လုံးဝ မရှိပါဘူး။ ဒါပေမဲ့ အသင်းက ကစားသမား အားလုံးလိုပဲ သူ့မှာလည်း ကိုယ်ပိုင်ဟန်တော့ ရှိပါတယ်။ ဒီကိုယ်ပိုင်ဟန်က အသင်းရဲ့ နည်းစနစ်နဲ့ အံဝင်အောင် အချိတ်အဆက်မိမိ ကစားနိုင်ပါ့မလား ဆိုတာကိုတော့ ကာရိုးလ်ကိုယ်တိုင် သက်သေပြရမှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )