22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

ဘရာဇီးလ် လူငယ် အော်စကာကို ခေါ်ယူရန် ချယ်လ်ဆီး သဘော တူညီမှု ရရှိ

ချယ်လ်ဆီး အသင်းသည် ဘရာဇီးလ် လူငယ် Playmaker တစ်ဦးဖြစ်သော အော်စကာကို ခေါ်ယူရန် သဘော တူညီမှု ရရှိ သွားပြီဟု သိရှိရသည်။

တော့တင်ဟမ် ဟော့စပါးသည်လည်း အသက်(၂၀)အရွယ် ဘရာဇီးလ် လက်ရွေးစင်ကို ချိတ်ဆက်ခဲ့သေးသော်လည်း ချယ်လ်ဆီးက အောင်မြင်မှု ရရှိသွားခဲ့သည်။ စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ပြီးခဲ့သည့် သီတင်းပတ်က အင်တာနေစီယွန်နယ်လ် အသင်းထံသို့ အော်စကာ အတွက် ပေါင်စတာလင် (၁၁)သန်းမှ (၁၈)သန်းထိ မြှင့်တင်ပေးသွားမည့် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့သေးသည်။ သို့သော်လည်း ချယ်လ်ဆီးက ၎င်းတို့၏ မန်နေဂျာဟောင်း ဦးဆောင်နေသည့် လန်ဒန် ပြိုင်ဘက်ကို ပေါင်စတာလင် (၂၅)သန်းတန် ကမ်းလှမ်းမှုဖြင့် အသာစီး ရသွားခြင်းဟု သိရသည်။
ချယ်လ်ဆီးသို့ ရောက်ရှိလာသည့် အော်စကာ

အော်စကာကို ချယ်လ်ဆီးက ခေါ်ယူလိုက်ခြင်းသည် ချယ်လ်ဆီး ကွင်းလယ်လူ ဂျူအန်မာတာ အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်သည်။ မာတာသည် အိုလံပစ် ပြိုင်ပွဲတွင် သွားရောက်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ချယ်လ်ဆီး၏ ရာသီအစ ပွဲစဉ်များတွင် အထိုက်အလျောက် အနားပေး ခံရဖွယ် ရှိနေသည်။ အော်စကာသည် ကမ္ဘာ့ဘောလုံး လောက၏ အနာဂတ် မျှော်လင့်ချက် အတောက်ပဆုံး ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်ပြီး ချယ်လ်ဆီး ပရိသတ် အနေဖြင့် လန်ဒန်တွင် ကျင်းပမည့် အိုလံပစ် ပြိုင်ပွဲတွင် အော်စကာ၏ ခြေစွမ်းကို နီးနီးကပ်ကပ် လေ့လာခွင့် ရမည်ဖြစ်သည်။

အော်စကာသည် ကမ္ဘာ့ဘောလုံး လောက၏ အနာဂတ် မျှော်လင့်ချက် အတောက်ပဆုံး ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်ပြီး ချယ်လ်ဆီး ပရိသတ် အနေဖြင့် လန်ဒန်တွင် ကျင်းပမည့် အိုလံပစ် ပြိုင်ပွဲတွင် အော်စကာ၏ ခြေစွမ်းကို နီးနီးကပ်ကပ် လေ့လာခွင့် ရမည်ဖြစ်...
အော်စကာကို ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် အသင်းများကလည်း စိတ်ဝင်စားခဲ့သေးသည်။ ချယ်လ်ဆီးသည် အီဒင်ဟာဇက်နှင့် မာကိုမာရင်တို့ အပြီး ယခုနွေရာသီ တတိယမြောက် ကစားသမား အဖြစ် အော်စကာကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ ချယ်လ်ဆီးသည် တိုက်စစ်မှူး နေရာအတွက် ပေါ်တိုမှ ဟော့ခ်ကို ဆက်လက် ချိတ်ဆက်နေဆဲ ဖြစ်သည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )