22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 9, 2012

မလေးရှားဘောလုံးအဖွဲ့ချုပ်က မြန်မာယူ-၂၂ ကစားသမားများ၏ အသက်နှင့်ပတ်သက်၍ ကန့်ကွက်မှု ရပ်ဆိုင်း

ပတ်တလင်ဂျာရာ(မလေးရှား)၊ ဇူလိုင် - ၇

မလေးရှားဘောလုံးအဖွဲ့ချုပ်(FAM)သည် မလေးရှားယူ-၂၂ အသင်းနည်းပြ အွန်ကင်မ်ဆွီးနှင့် မန်နေဂျာ ဒါတွတ်အဖန်ဒီဟမ်ဇားတို့က မြန်မာယူ-၂၂ အသင်းတွင် အသက်ကျော်နေသည့် ကစားသမားများ ပါဝင်နေသည်ဟူသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မည်သည့်အမှားအယွင်းမှ မတွေ့ရကြောင်း ၀န်ခံအတည်ပြုလိုက်သည်။

မလေးရှားနည်းပြနှင့် မန်နေဂျာတို့က စွပ်စွဲခဲ့သည့် မြန်မာကစားသမားသုံးဦးမှာ ကပ္ပတိန်ကျော်ဇေယျာဝင်း၊ ကြည်လင်းနှင့် ကောင်းစည်သူတို့ဖြစ်သည်။  FAM ၏ အဆိုအရ ကျော်ဇေယျာဝင်းအမည်ဖြင့် ကစားသမားနှစ်ဦး တွေ့ရှိရပြီးတစ်ဦးမှာ အသက် ၂၄ နှစ်ဖြစ်၍ ကျန်တစ်ဦးမှာ ခြေစစ်ပွဲတွင် ကစားခဲ့သော အသက် ၂၀ အရွယ် ကျော်ဇေယျာဝင်းဖြစ်ကြောင်းဆိုသည်။ ထို့အပြင် ကြည်လင်းနှင့် ကောင်းစည်သူတို့၏ အသက်များကို ၎င်းတို့၏ ကလပ်အသင်းဝက်ဘ်ဆိုက်များ၌ မှားယွင်းဖော်ပြထားကြောင်းပြောသည်။

FAM  သည် နည်းပြများနှင့် မီဒီယာများ၏ မြန်မာကစားသမားများအပေါ် စွပ်စွဲမှုများ ပေါ်ထွက် ပြီးနောက် တရားဝင်အထောက် အထားများနှင့် နှိုင်းယှဉ်စစ်ဆေး၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကြည်လင်းနှင့် ကောင်း စည်သူမှာ ဖေဖော်ဝါရီလက  AFC  ဖလားပွဲအတွက် ရန်ကုန်ယူနိုက်တက်ကလပ်မှ အမည်စာရင်းတင် သွင်းစဉ် အသက် ၂၀ နှင့် ၁၉ နှစ်စီအသီးသီးရှိခဲ့ပြီး ယခု မေလတွင် ယူ-၂၂ ခြေစစ်ပွဲကစားရာ၌ အသက်မီကြောင်းဆိုသည်။

မလေးရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒါတွတ်အဇူဒင်အာမက်က “ကျွန်တော်တို့ဟာ အသင်းနဲ့ မီဒီယာတွေထံက အထောက်အထားတွေ လက်ခံရရှိပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုကို ပြည့်စုံစွာပြု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရထားတဲ့ အထောက်အထားကို  AFC   ရဲ့ မှတ်တမ်းတင်ထားတဲ့ နေ့စွဲတွေ၊ တခြားအထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ အားလုံး အစီအစဉ်တကျ ရှိနေပါတယ်”ဟုပြောသည်။

ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ဟာ ပွဲပြီးတဲ့နောက် ကနဦးကန့်ကွက်မှုကို ပြုလုပ်ခဲ့ပြီး  AFC  ကလည်း ကျွန်တော်တို့ဆီ ကန့်ကွက်မှုကိုအသိအမှတ်ပြုကြောင်း ကြာသပတေးနေ့(ဇူလိုင် ၅ရက်) က ဖက်စ်ပေးပို့ အကြောင်းကြားခဲ့ပါတယ်။ စာထဲမှာ  AFC  က ကျွန်တော်တို့အနေနဲ့ နောက်ထပ် အရေးယူမှုတွေလုပ်ဖို့ တရားဝင် မကန့်ကွက်ခင် လိုအပ်တာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှာဖွေတွေ့ရှိမှုတွေကို လေ့လာပြီးတဲ့နောက်မှာ တရားဝင်ကန့်ကွက်မှုလုပ်တော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူလ်တန်အာမက် ရှားကပြောခဲ့ပါတယ်။ ကျွန်တော် တို့ ဆက်မလုပ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သိသာတဲ့ အထောက်အထားမရှိလို့ပါ”ဟု ပြောခဲ့သည်။

by 7Day News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )