အေစီမီလန် အသင်းသည် လီဗာပူးလ် တိုက်စစ်မှူး အန်ဒီကာရိုးလ်အား အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
အီတလီ ထိပ်တန်း ကလပ်အသင်းကြီးသည် အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်ကို နှစ်သက် သဘောကျနေသည့်တိုင် အပြီးသတ် ၀ယ်ယူခြင်းမျိုးဖြင့် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် မရှိချေ။ နယူးကာဆယ်လ် ယူနိုက်တက်မှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၅)သန်းဖြင့် ခေါ်ယူထားသည့် ကာရိုးလ်အား အငှားခေါ်ယူရေး ကိစ္စကို မီလန်က အယ်လ်ဘာတို အကွီလာနီ အပြောင်းအရွှေ့နှင့်အတူ ညှိနှိုင်းသွားရန် စီစဉ်နေသည်။ လီဗာပူးလ်၏ အီတလီ ကွင်းလယ်လူ အကွီလာနီသည် ပြီးခဲ့သည့် ဘောလုံးရာသီက မီလန်တွင် အငှား သွားရောက် ကစားခဲ့သည့်နောက် ယခုအခါ မီလန်က ယင်းကစားသမား၏ အပြောင်းအရွှေ့ကို လီဗာပူးလ်နှင့် ဆွေးနွေးသွားမည် ဖြစ်သည်။
မီလန် ဥက္ကဋ္ဌနှင့် အီတလီ ၀န်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ၏ သားဖြစ်သူ ပီယာ ဆီလ်ဗီယို ကိုယ်တိုင်ကလည်း မိမိတို့ အသင်းတွင် ကာရိုးလ် ကစားနေသည်ကို တွေ့မြင်လိုကြောင်း ပြောဆိုခဲ့ဖူးသည်။ ပီယာက "ကျွန်တော်တို့ဟာ မီလန်ရဲ့ ခေတ်သစ်ကို မျှော်လင့်ထားတာပါ။ ငယ်ရွယ် နုပျိုတဲ့ ကစားသမားတွေက မီလန်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဒြပ်ကို ဆက်လက် ထိန်းသိမ်းထား စေလိုပါတယ်။ အသင်းမှာ ကာရိုးလ်လို ကစားသမားတွေ လာပြီး ခြေစွမ်းပြနေတာကို ကျွန်တော် မြင်ချင်တယ်။ အင်္ဂလန်အတွက် ကစားပေးရင်း ဆွီဒင်ဘက်ကို ခေါင်းတိုက် ဂိုးသွင်းလိုက်တဲ့ သူ့ရဲ့ ခွန်အားနဲ့ စွမ်းရည်ကို ကျွန်တော် အရမ်း အထင်ကြီးမိတယ်"ဟု ပြောကြားခဲ့သည်။
ကာရိုးလ်အား အငှားခေါ်ယူရေး ကိစ္စကို မီလန်က အယ်လ်ဘာတို အကွီလာနီ အပြောင်းအရွှေ့နှင့်အတူ ညှိနှိုင်းသွားရန် စီစဉ်နေ...
ယခုအခါ အီတလီ သတင်းဌာနများက ဘာလူစကိုနီသည် သားဖြစ်သူ၏ အကြံပေးချက်အရ ကာရိုးလ်ကို ခေါ်ယူရန် အလေးအနက် စဉ်းစားနေကြောင်း သိရှိရသည်။ မီလန်သည် ဘဏ္ဍာရေး အနေအထားအရ ကာရိုးလ်ကို အငှားခေါ်ယူရန်သာ ကမ်းလှမ်းဖွယ် ရှိနေပြီး အကယ်၍ ၀ယ်ယူရမည် ဆိုပါက ရော်ဘင်ဟိုအား ရောင်းထုတ်ပြီးမှသာ လက်တွေ့ ဖြစ်နိုင်ဖွယ် ရှိသည်။ မီလန်သည် ဖိလစ်ပို အင်ဇာဂီ၊ ကလာရင့် ဆီးဒေါ့ဖ်၊ မာ့ခ်ဗန်ဘောမဲလ်၊ ဂျင်နရို ဂက်တူဆို၊ အလက်ဇန္ဒရို နက်စတာ အစရှိသည့် ကစားသမားများကို လက်လွှတ် ခဲ့သည့်နောက် ရာသီသစ်တွင် အသင်းအား သွေးသစ်လောင်းရန် စီမံ လုပ်ဆောင်လျှက် ရှိသည်။
Ref: Daily Mail

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com