ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကွင်းလယ် ကစားသမား ဆီဒေါ ကီတာကို လက်လွှတ် လိုက်ပြီ ဖြစ်ကြောင်းနှင့် ကစားသမားသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့မည်ဟု အတည်ပြု ပြောကြားခဲ့သည်။
မာလီ လက်ရွေးစင် ကွင်းလယ် ကစားသမားသည် တရုတ်ကလပ် ဒါလီယန် အာဘင်း အသင်းနှင့် (၂)နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုသွားမည် ဖြစ်သည်။ တရုတ်အသင်း ဒါလီယန်ကလည်း အတွေ့အကြုံရင့် ကစားသမားကို ခေါ်ယူ စာချုပ်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဘာစီလိုနာက ကီတာနှင့် ချုပ်ဆိုထားသော စာချုပ်တွင် စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသည့် အချိန်၌ အသင်းနှင့် ညှိနှိုင်းပြီး အလွတ် ပြောင်းရွှေ့ခွင့် တောင်းဆိုခွင့် ရထားကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဒါလီယန် အသင်း၏ ပိုင်ရှင်ဖြစ်သော ဇိုမင်ဂါယန်က ကီတာသည် အသင်းတွင် တစ်နှစ်လုပ်ခ ယူရို (၁၄)သန်း ရရှိမည် ဆိုသော သတင်းများအား အတည်ပြုရန် ငြင်းဆိုထားသည်။ ၎င်းက ကီတာသည် ဘာစီလိုနာတွင် ရရှိသော လုပ်ခ လစာမျိုးမူ ယေဘုယျအားဖြင့် ရရှိနိုင်မည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည်။ အပြာရောင် သိန်းစွန်ငှက်များဟု အမည်ပြောင် ခေါ်ဝေါ်ခြင်း ခံရသော အသင်းက ကီတာသည် ဇူလိုင်လ (၁၅)ရက်နေ့တွင် ရောက်ရှိ လာမည်ဟု ကြေညာခဲ့သည်။
ဘာစီလိုနာက ကီတာနှင့် ချုပ်ဆိုထားသော စာချုပ်တွင် စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသည့် အချိန်၌ အသင်းနှင့် ညှိနှိုင်းပြီး အလွတ် ပြောင်းရွှေ့ခွင့် တောင်းဆိုခွင့် ရထားကြောင်း အတည်ပြု ပြောကြားခဲ့...
ကီတာသည် (၂၀၀၈)ခုနှစ်က ဆီဗီးလားမှ ယူရို (၁၄)သန်းဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ လာခဲ့သည်။ သို့သော်လည်း ၎င်းသည် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ဘာစီလိုနာ အသင်း၌ ပွဲထွက် ကစားခွင့် လျော့နည်း ဆုတ်ယုတ် လာသည့်နောက် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com