ဆန်းတို့စ် အသင်းမှ ဟင်းနရစ်ဂန်ဆို ထွက်ခွာ ဖြစ်သည့်တိုင် ဥရောပသို့ ခြေချလာဖွယ် မရှိသေးကြောင်း ကစားသမား၏ အေးဂျင့်က ဖွင့်ဟ ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက်နှင့် တော့တင်ဟမ် ဟော့စပါး အသင်းများက စိတ်ဝင်စားနေသည့် အသက်(၂၂)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင်သည် ဆန်းတို့စ်အတွက် နောက်ဆုံး ပွဲစဉ်ကို ကစား ခဲ့ပြီးပြီဟု ယူဆနိုင်ကြောင်း အေးဂျင့် ဒယ်လ်ဆာ ဆွန်ဒါက ဆိုသည်။ သို့သော်လည်း ကွင်းလယ်ဖန်တီးရှင် ဂန်ဆို အနေဖြင့် ဘရာဇီးလ် မြေတွင်ပင် ဆက်ကစားရန် အလားအလာ များနေကြောင်း ဆွန်ဒါက ဖွင့်ဟခဲ့သည်။ ဂန်ဆိုသည် ဆန်းတို့စ်အသင်းက ကမ်းလှမ်းသည့် စာချုပ်သစ်ကို ငြင်းဆိုပြီးနောက် အသင်းမှ ထွက်ခွာရန် စီစဉ်လျှက် ရှိသည်။
အေစီမီလန်ကလည်း ချိတ်ဆက်နေသည့် ကစားသမားလေး၏ စီးပွားရေး မူပိုင်ခွင့် (၅၅)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည့် DISအေဂျင်စီ ကုမ္ပဏီကို ကိုယ်စားပြုသော ဆွန်ဒါက ဂန်ဆိုသည် အင်တာနေစီယွန်နယ်လ် အသင်းသို့ ပြောင်းရွှေ့ ကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ "ဂန်ဆိုက အသင်းရဲ့ ကမ်းလှမ်းမှု အပေါ် တော်တော် စိတ်ပျက် တုန်လှုပ်မိတယ်။ ဆန်းတို့စ်ဟာ နေမာအတွက် ကြီးကျယ်တဲ့ စီမံကိန်းတွေ ရှိနေပေမယ့် ဂန်ဆိုကို မေ့လျော့ ထားပါတယ်။ ဒါကြောင့် သူဟာ အသင်းက ထွက်ချင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံး (၁)နှစ်လောက်တော့ ဘရာဇီးလ်မှာ ဆက်ကစားဖို့ ဂန်ဆိုက စဉ်းစားထားတယ်" ဟု ဆွန်ဒါက ပြောကြားသွားသည်။
ဆန်းတို့စ်ဟာ နေမာအတွက် ကြီးကျယ်တဲ့ စီမံကိန်းတွေ ရှိနေပေမယ့် ဂန်ဆိုကို မေ့လျော့ ထားပါတယ်။ ဒါကြောင့် သူဟာ အသင်းက ထွက်ချင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံး (၁)နှစ်လောက်တော့ ဘရာဇီးလ်မှာ ဆက်ကစားဖို့ ဂန်ဆိုက စဉ်းစားထားတယ်...
ဆန်းတို့စ် အသင်း နည်းပြ မူရီဆီ ရာမာလိုက "ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ ဂန်ဆိုကို အဆုံးရှုံး မခံချင်ပါဘူး။ ဒါပေမဲ့ သူကပဲ သူကစားချင်တဲ့ နေရာအတွက် ဆုံးဖြတ်ခွင့် ရှိတာပါ။ ကျွန်တော်ကတော့ အိုလံပစ်မှာ သူခြေစွမ်းပြပြီး အသင်းကို ပြန်လာဖို့ မျှော်လင့်ပါတယ်"ဟု ဆိုသည်။ ဂန်ဆိုသည် ဘရာဇီးလ် ဘောလုံးလောက၏ အလားအလာ အကောင်းဆုံး လူငယ်သွေးသစ် ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com