မြန်မာနိုင်ငံတွင်း ထုတ်ဝေသည့် ၇ ရက် သတင်းဂျာနယ်ပါ ကျေးရွာ 'လျှပ်စစ် မီးလင်းရေး လေးနှစ်ကြာသော်လည်း မီးမရဘဲ မီတာ လျှောက်ထားသူများ အကြွေးတင်' သတင်းပါ အချက်အလက်များသည် သက်ဆိုင်ရာ
ကျေးရွာ လျှပ်စစ် မီးလင်းရေး ကော်မတီ နှင့် တာဝန်ယူ ဆောင်ရွက်နေသော ကုမ္မဏီ သို့လာရောက် မေးမြန်းခြင်းမရှိဘဲ လွဲမှားစွာ ရေးသားသည်ဟု ဆိုကာ ၇ ရက် သတင်းဂျာနယ် မုံရွာ မြို့မှ
သတင်းထောက် ရန်နိုင်ကျော် ကို လာရောက် တွေ့ဆုံရန် နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် ယနေ့ ဆင့်ခေါ်လိုက် ကြောင်း ကာယကံရှင် က The Voice Weekly သို့ပြောကြားသည်။
မီးလင်းရေးကို တာဝန်ယူ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမြန်မာ အင်ဂျင်နီယာ (စီမံ) မှ ညွန်ကြားချက်အရ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ယင်းစာတွင် ဖော်ပြပြီး သတင်းထောက်ကို ၂ ပတ် အတွင်း လာရောက် တွေဆုံရန်နှင့် မလာရောက်ပါက ကုမ္မဏီ ဂုဏ်သိက္ခာ ကျဆင်းမှု မျိုး ဖြစ်ပေါ်စေသည့် အတွက် တရား စွဲဆိုသွားမည်ဟုလည်းပါရှိ သည်။
ကာယကံရှင် သတင်းထောက် ရန်နိုင်ကျော်က ယင်းသတင်းနှင့် ပတ်သက်၍ သတင်း အတည်ပြုချက် သွားရောက်ယူစဉ် ကုမ္မဏီ ရုံးခန်းမှာ ပိတ်ထားကြောင်းနှင့် ရှေနေ နှင့် တိုင်ပင် ကာ ၇ ရက် သတင်း ဂျာနယ် သတင်း အယ်ဒီတာအဖွဲမှ တစ်ဆင့်ဖြေရှင်း သွားမည်ဖြစ် ကြောင်း လည်းပြောကြား သည။်
ယင်း သတင်းထောက် သည် ခေတ္တကန် ကျေးရွာ မီးလင်းရေး ကော်မ တီမှ တာဝန်ရှိသူ တစ်ဦးနှင့်၎င်း မုံရွာမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ ခန့်မှန်းချက် များကို ၎င်းသတင်းတွင် မေးမြန်း ရေးသားထားပြီး ဇွန်လ ၁၄ ရက်နေ့ ကဖြန့်ချိခဲ့သည့် ၇ ရက် သတင်းဂျာနယ် Vol 11 No 14 တွင် ဖော်ပြထား ခြင်းဖြစ်သည။်
အဆိုပါရွာတွင် မီတာတစ်လုံး ရရှိရန်အတွက် ကျေးရွာသားများ ကျပ် ၆ သိန်း ပေးသွင်းခဲ့ရပြီး အချို့မှာ လယ်ယာများ ပေါင်၍ အကြေပေးသွင်းထား ကြရကြောင်း၊ အကြွေးကြောင့် လယ်ယာမြေ ဆုံးနိုင်သည့် အခြေနေ ရောက်နေကြောင်း ဒေသခံများ ကို ကိုးကား၍ သတင်း ရေးသားထား သည် ကို တွေ့ရသည်။
ခေတ္တကန် ကျေးရွာသည် မုံရွာမြို့ အနီး ၅မိုင်ခန့် အကွာ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အမြင့် ၁၃၀ မီတာ ရှိ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး အနီးတွင် တည်ရှိသော ကျေးရွာဖြစ်သည်။
The voice weekly

6:16 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com