22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

ဆောင်းနေရာ အစားထိုးရေး အတွက် ဆာဟင်ကို အာဆင်နယ် အလေးအနက် ချိတ်ဆက်

အဲလက်စ်ဆောင်းအား ဘာစီလိုနာသို့ ရောင်းချရမည့် အခြေအနေမျိုး နီးစပ် လာချိန်တွင် နျူရီဆာဟင်အား လီဗာပူးလ်နှင့် အပြိုင် အာဆင်နယ်က ကြိုးပမ်းလာနေကြောင်း သိရသည်။


Goal.com က ဘာစီလိုနာသည် ကင်မရွန်း လက်ရွေးစင် ဆောင်းကို ခေါ်ယူရန်အတွက် အာဆင်နယ်ထံမှ အကြို သဘော တူညီမှု ရရှိ ထားပြီဟု ဖော်ပြခဲ့သည့်နောက် လန်ဒန်ကလပ်သည် ရီးယဲလ်မက်ဒရစ်၏ တူရကီ လက်ရွေးစင် အပေါ် ပိုမို အာရုံစိုက် လာခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဆာဟင်သည် လီဗာပူးလ်သို့ အငှား ပြောင်းရွှေ့ရန် အလွန် နီးစပ်နေပြီဟု ယုံကြည် ရသော်လည်း ယခုအခါ အာဆင်နယ်ကလည်း အားသွန်ခွန်စိုက် ချိတ်ဆက်နေခြင်း ဖြစ်သည်။ အာဆင်နယ်သည် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားရာ ယင်းအချက်က လီဗာပူးလ်ထက် ဆာဟင်အပေါ် ပိုမို ဆွဲဆောင်နိုင်ဖွယ် ရှိနေသည်။
ဘာကာသို့ ပြောင်းရွှေ့မည့် အဲလက်စ်ဆောင်း

ဆာဟင်သည် ရီးယဲလ်တွင် ပုံမှန် ပွဲကစားခွင့် ပျောက်ဆုံးနေသည့်နောက် ယခုနွေရာသီတွင် အဆိုပါ အင်္ဂလန် ကလပ်အသင်း နှစ်ခုအနက် တစ်ခုခုသို့ သေချာပေါက် အငှားပြောင်းရွှေ့ဖွယ် ရှိနေသည်။ အာဆင်နယ်သည် အသက်(၂၄)နှစ်ရှိ ဆောင်းအတွက် ဘာစီလိုနာထံမှ ပေါင်စတာလင် (၁၅)သန်းနှင့် သန်း(၂၀)ကြား တောင်းဆိုဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဆောင်းသည် အာဆင်နယ် အတွက် ပြီးခဲ့သည့် ရာသီက တိုက်စစ်ရော၊ ခံစစ်ပါ လွန်းထိုး ကစားကာ အကောင်းဆုံး ခြေစွမ်းပြခဲ့သည်။

အာဆင်နယ်သည် အသက်(၂၄)နှစ်ရှိ ဆောင်းအတွက် ဘာစီလိုနာထံမှ ပေါင်စတာလင် (၁၅)သန်းနှင့် သန်း(၂၀)ကြား တောင်းဆိုဖွယ် ရှိနေ...
အာဆင်နယ်သည် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား ရောင်းချရသည့် အခြေအနေကဲ့သို့ စာချုပ်သက်တမ်း လက်ကျန်နည်းသည့် ဖိအားမျိုး ဆောင်းနှင့်ပတ်သက်ပြီး ရင်ဆိုင်ရမည် မဟုတ်ချေ။ ဆောင်းသည် အမ်းမရိတ်စ်တွင် (၂၀၁၅)ခုထိ စာချုပ်သက်တမ်း ကျန်ရှိနေဆဲဟုလည်း သိရှိရသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )