22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

ကျောက်ကပ်ကို အဆိုးဆုံးထိခိုက်နိုင်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း


 

ဆီးနှင့် ကျောက်ကပ် ရောဂါ များတွင် အဖြစ်များပြီး ကာကွယ် ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက် ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှုမရှိသည့်အခါ ကျောက် ကပ်ပျက်စီးသည်အထိဖြစ်ပွားနိုင် သည်။
ထိုဆီးလမ်းကြောင်း ပိုးဝင် ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ် များသော ရောဂါတစ်ခုဖြစ်ပြီး နေ့ စဉ် သတိမပြုမူသည့် နေထိုင်မှုပုံစံ များကြောင့် ဆီးလမ်းကြောင်းအ တွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ အရ အမျိုးသမီးများတွင် ဆီးလမ်း ကြောင်း ပိုးဝင်နိုင်သည့်အခြေအ နေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခဒေါက်တာ တိုးလွင်ကပြောသည်။ အမျိုးသမီးများတွင်မှု အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ် သည် လုပ်ငန်းခွင်ဝင်ရောက်နေ သည့်အရွယ်နှင့် ပညာသင်နေ သည့်အရွယ်များဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီး သွားနည်းလေ့ရှိကြသည်။
ဆီး အောင့်ထားခြင်းကြောင့် ဆီးကျန် လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုး ဝင်ရောက်လာချိန် တိုက်ဆိုင် သည့်အခါ ဆီးလမ်းကြောင်းပိုးဝင် ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်ကပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့် သည့်နေရာမှလည်းကောင်း၊ အ စာအိမ်ဟောင်းမှတစ်ဆင့်လည်း ကောင်း၊ သားအိမ်မှ တစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီး အိမ်ထဲ ဝင်ရောက်ရာမှ ကျောက် ကပ်သို့ ရောက်ရှိသွားခြင်းဖြစ် ကြောင်းသိရသည်။
“အိမ်သာသွားပြီး ရေသုံးတဲ့ အခါ နောက်ကနေ ရှေ့ကို သန့် ရှင်းရင် အစာဟောင်းဘက်က ပိုး ကို ဆီးလမ်းကြောင်းဘက်ကို ဖိတ် ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူး သဖြင့် အလေးအနက်ထပ်ပြီး ပြောချင်ပါတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။
ရောဂါပိုးဝင်လာသည့်အခါ ဆီးအိမ်ရောင်လာသည့်အတွက် မကြာခဏဆီးသွားလိုခြင်း၊ ဆီး သွားပြီးပါက ဆီးကျင်ချောင်း ကျဉ်ခြင်း၊ စပ်ခြင်း၊ အောင့်ခြင်း၊ ဆီးသွားပြီးပါက မကုန်သလို ခံစား ရခြင်း၊ ဆီးထဲတွင် သွေးစများ ပါခြင်း စသည့်ရောဂါလက္ခဏာ များ ခံစားကြရသည်။ ဆီးအိမ်ရှိ ဆီးပိုးများ ကျောက်ကပ်သို့ရောက် ရှိသွားသည့်အခါမူ ကျောက်ကပ် ရောင်ပြီး တင်းလာသဖြင့် ခါးနာ ခြင်းဝေဒနာအား စတင်ခံစားလာ ရပြီး ပိုးများ သွေးအတွင်း ပျံ့နှံ့ သည့်အတွက် ချမ်းလာခြင်း၊ ဖျား ခြင်းဝေဒနာများကိုပါ ခံစားလာ ရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။
“တချို့အမျိုးသမီးတွေ ချမ်း ပြီး ဖျားကြတဲ့အခါ မီးယပ်ချမ်းထ တယ်ဆိုပြီး သက်သာမယ်ထင်တဲ့ ဆေးလေးတွေ သောက်သောက် ပြီး နေကြတာတွေအများကြီးတွေ့ ဖူးတယ်။ တချို့ကျတော့လည်း မကြာခဏ ဖြစ်တာကနေ ဖြစ်တာ များများလာတော့မှ ဆေးရုံလာ ပြရင်း စစ်ဆေးကြည့်ကြတာနည်း တယ်”ဟု သင်္ဃန်းကျွန်းစံပြဆေး ရုံကြီးမှ သားဖွားမီးယပ်ဆရာဝန် တစ်ဦးကပြောသည်။ ရာသီဥတုအေးသော အချိန် နှင့်ညအချိန်များတွင် ချမ်းပြီး ဖျား သည့် အမျိုးသမီးအများစုသည် မြန်မာအယူအဆဖြစ်လေ့ရှိသော မီးယပ်ချမ်းထသည့်ရောဂါဟုသာ ထင်မှတ်လေ့ရှိပြီး ခါးနာခြင်း၊ ချမ်း ပြီးဖျားသောရောဂါလက္ခဏာများ၊ ဆီးတွင် သွေးပါလာသည့်လက္ခ ဏာများသည် ကျောက်ကပ်တွင် ပိုးတွယ်နေခြင်းဖြစ်ကြောင်း သတိ ပြုရန်လည်းလိုအပ်ကြောင်းသိရ သည်။
“အဲဒီ့အဆင့်မှာ ဆေးကုရင် ပုံမှန်ပြန်ရောက်သွားမယ်။ မဟုတ် လို့ ဆေးမြီးတိုလေးတွေနဲ့ ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ကြာလာရင် ကျောက်ကပ်မှာ အနာရွတ်လေးတွေ ပေါ်လာ တယ်။ များလာရင် အနာရွတ်တွေ က ကျောက်ကပ်သားကို နေရာ ယူလာပြီး အလုပ်လုပ်တဲ့ကျောက် ကပ်လုံးဝပျက်စီးသွားတဲ့အဆင့် ရောက်သွားတဲ့အတွက် စောစော စီးစီး ဆေးကုသဖို့လိုပါတယ်”ဟု ဒေါက်တာတိုးလွင်ကပြောသည်။ အသက် ၂၀ နှင့် ၄၀ ကြား အမျိုးသမီးများသည် အဖြစ်များ သည့်အုပ်စုဖြစ်သော်လည်း ထိုဆီး လမ်းကြောင်းပိုးဝင်ခြင်းသည် အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ဖြစ်ပွားသည့်ရောဂါတစ်ခုလည်း ဖြစ်သည်။ သွေးဆုံးပြီး အမျိုးသမီးများ တွင်လည်း ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ်နည်းပါးလာပြီး ဆက်စပ်သည့် အကြောင်းရင်း များကြောင့် ဆီးပိုးဝင်ခြင်းနှင့် အသက် ၄၅နှစ်အထက် ဆီးချိုရှိပါ က ဆီးပိုးဝင်နိုင်သည့်အခြေအနေ များပြားကြောင်းသိရသည်။
အသက်ကြီးသောသူများ နာတာရှည်ရောဂါ ခံစားနေရသူ များတွင်လည်း ဆီးပိုးဝင်လာနိုင် သည့်အခွင့်အရေးများသော လူ များဖြစ်သည့်အတွက် ဆီးလမ်း ကြောင်းပိုးဝင်ခြင်းသည် အဖြစ် များသည့်ရောဂါတစ်ခုလည်းဖြစ် လာသည်။ ကလေးများတွင် ဆီးလမ်း ကြောင်းပိုးဝင်ခြင်းမှာ သက်ကြီး ရွယ်အိုများ၊ အမျိုးသားများ၊ ဖြစ် ပွားမှုများသည့် အမျိုးသမီးများ နှင့်ယှဉ်လျှင် မများသော်လည်း ဆီးပိုး တစ်ခါဝင်ရုံနှင့် အရေးကြီး လာပြီး ကလေးများတွင် အောက် ပါလက္ခဏာများ ပြသသည့်အချိန် တွင်မူ စနစ်တကျနှင့်ထိရောက်စွာ ကုသရန် အလေးအနက်ပြောချင် ကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ “အရမ်းငယ်တဲ့ ကလေးတွေ ကတော့ ဆီးသွားရင် ဘယ်လိုဖြစ် တယ်ဆိုပြီး မဖော်ပြတတ်ပေမယ့် နည်းနည်းကြီးတဲ့ကလေးတွေမှာ ဆိုရင် ဆီးသွားရင် နာတယ်။ ပုံမှန် မဟုတ်တော့ဘဲ ဆီးသွားရင် ခဏခဏသွားတယ်၊ များတယ်။ ညဘက် ဆီးသွားတယ်၊ ဖျားတာ တွေဖြစ်လာတယ်။ ဆီးပိုး ခဏ ခဏဝင်လာရင် ကလေးရဲ့ ကြီး ထွားမှုရပ်သွားပြီး ပိုးတွယ်တဲ့ဒဏ် ကြောင့် ကလေးက လှီလာတယ်” ဟု ဒေါက်တာတိုးလွင်က ပြော သည်။
ကလေးများတွင် ဆီးပိုးဝင် ခြင်းသည် များသောအားဖြင့် မွေးရာပါအခြေအနေများကြောင့် ဖြစ်နိုင်ပြီး ပိုးဝင်သည့်အကြောင်း အရင်းကို သေချာရှာဖွေကုသ လျှင် ကြီးသည့်အခါ ကျောက်ကပ် ပျက်စီးခြင်းအားကာကွယ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုသည် ကာကွယ်နိုင်သည့် ရောဂါများဖြစ်ပြီး ရောဂါလက္ခ ဏာများအား စောစီးစွာသိရှိခြင်း ဖြင့် စောစောကုသလျှင် ကျောက် ကပ်ပျက်စီးခြင်းမှလည်း ကာကွယ် နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆီးပိုးဝင်ခြင်းရောဂါကို ကာ ကွယ်နိုင်ရန် ဘယ်လိုအကြောင်း ကြောင့်ဖြစ်စေ ဆီးအောင့်ထား ခြင်းအား ရှောင်ကြဉ်သင့်ပြီး ရေ ကဲ့သို့ကြည်သည့်ဆီးသွားနိုင်သည် အထိ နေ့စဉ် ရေများများသောက် သင့်ပြီး ကျောက်ကပ်ပျက်စီးခြင်းမှ ကာ ကွယ်ရန် ဆီးလမ်းကြောင်းပိုး ဝင်သည့်လက္ခဏာများ ထပ်ခါ ထပ်ခါ ပြသလာပါက အကြောင်း အရင်းအား ရှာဖွေပြီး ဆေးကုသ မှုခံယူသင့်ကြောင်း ပါမောက္ခ ဒေါက်တာတိုးလွင်က အကြံပြု ပြောကြားထားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )