လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ၎င်းသည် တောင်ပံတိုက်စစ် ကစားသမား စတီးဝပ် ဒေါင်းနင်းကို ခံစစ်တွင် နေရာပြောင်းရွှေ့ ကစားစေဖွယ် ရှိနေကြောင်း ပြောကြားလိုက်သည်။
လီဗာပူးလ်သည် ပြီးခဲ့သည့် နွေရာသီက အင်္ဂလန် ဘယ်တောင်ပံလူ ဒေါင်းနင်းအား အက်စ်တန်ဗီလာထံမှ ပေါင်စတာလင် သန်း(၂၀)ဖြင့် ဝယ်ယူခဲ့သည်။ သို့သော်လည်း ဒေါင်းနင်းသည် လီဗာပူးလ်တွင် ခြေစွမ်း မပြနိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်၌ တစ်ဂိုးမျှ မသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့ချေ။ ဒေါင်းနင်းသည် လီဗာပူးလ်ကို ရော့ဂျာ တာဝန်ယူချိန်တွင် အသင်း၌ အနာဂတ် မရေရာနိုင်တော့ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာသည့်တိုင် ရော့ဂျာက မိမိသည် ဒေါင်းနင်းကို ပုံစံပြောင်း အသုံးပြုဖွယ် ရှိနေကြောင်း အရိပ်အမြွက် ဖွင့်ဟလာခဲ့သည်။
"နောက်တန်း ဘယ်အစွန်မှာ ကစားဖို့ဆိုတာ သူ့မှာ အများကြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့ခေတ် ဘောလုံးလောကမှာ တောင်ပံ ခံစစ်မှူးတွေဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာတို့၊ အက်ရှ်လေကိုးလ်တို့ကို ကြည့်ရင် ဒေါင်းနင်းလည်း အဲဒီနေရာနဲ့ အံဝင်မယ်လို့ တွေးနိုင်ပါတယ်။ ကိုးလ်ဟာ တိုက်စစ်မှာတောင် ကစားခဲ့ဖူးသေးတယ်။ ကျွန်တော်ဟာ လူငယ်ပြိုင်ပွဲတွေမှာ တိုက်စစ်သမားတွေကို ခံစစ်ထိ ပြန်ဆင်းကူနိုင်ဖို့ လေ့ကျင့်ပေးခဲ့ဖူးပါတယ်။ နောက်တစ်ချက်က မစ်ဒယ်လ်ဘရော့မှာ ကစားနေတုန်းက ဒေါင်းနင်းဟာ UEFAဖလား ဗိုလ်လုပွဲမှာ ဆီဗီးလားနဲ့ တွေ့တော့ ဘယ်ခြမ်းခံစစ်မှာ တာဝန်ယူသွားတယ်လေ"ဟု ရော့ဂျာက ပြောကြားသွားသည်။
နောက်တန်း ဘယ်အစွန်မှာ ကစားဖို့ဆိုတာ သူ့မှာ အများကြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့ခေတ် ဘောလုံးလောကမှာ တောင်ပံ ခံစစ်မှူးတွေဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာတို့၊ အက်ရှ်လေကိုးလ်တို့ကို ကြည့်ရင် ဒေါင်းနင်းလည်း အဲဒီနေရာနဲ့ အံဝင်မယ်လို့ တွေးနိုင်ပါတယ်...
လီဗာပူးလ်တွင် လက်ရှိ၌ ဘယ်နောက်ခံ ကစားသမားဟူ၍ ဟိုဆေး အန်ရီကေး တစ်ဦးတည်းသာ ရှိနေပြီး လိုအပ်ပါက ညာနောက်ခံလူ ဂလင်းဂျွန်ဆင်အား ဘယ်ခြမ်းသို့ ထွက်ကစားနေစေရဆဲ ဖြစ်သည်။ ဒေါင်းနင်းသည် လက်ရှိတွင် လူငယ်တောင်ပံ ကစားသမား ရာဟင်စတာလင်၏ တောက်ပလာမှုကြောင့် ဘယ်တောင်ပံ ကစားသမား နေရာကို လက်လွှတ်ရမည့် အခြေအနေနှင့်လည်း ကြုံတွေ့နေရသည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com