ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း (၁၀၄) ရပ်ကွက်၊ စဥ့်ဧကရီလမ်းမှာ ကျူးကျော် နေထိုင်နေကြတဲ့ အိမ်ခြေ ၂၀ ခန့် ရှိနေပါတယ်။ အဆိုပါ ကျူးကျော်သူတွေကို
သီတင်းကျွတ် လပြည့်ကျော်ရင် ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဝန်ခံချက် ထိုးခိုင်းနေတယ်လို့ ဆိုပါတယ်။ ကျူးကျော် နေထိုင်သူတွေ အနေနဲ့ အခုအခါ
မိုးရာသီအတွင်း စီးပွားရေး အဆင်မပြေမှုတွေနဲ့ ကလေးတွေရဲ့ပညာရေး တပိုင်းတစဖြစ်မှာ စိုးရိမ်တာကြောင့် ဒီနှစ်ကုန်မှ ပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုနေကြ
ပါတယ်။ အဆိုပါ ကျူးကျော်သူတွေဟာ ရာအိမ်မှူး သန့်စင်ထွဋ်က တစ်လကို ကျပ်ငွေ နှစ်ထောင်နှုန်းနဲ့ ငါးလတစ်ကြိမ် ကျပ်ငွေ တစ်သောင်း လာရောက် ကောက်ခံခြင်းကို
မပျက်မကွပ် ပေးဆောင်ပြီး နေထိုင်နေကြတာလဲ ဖြစ်ပါတယ်။

6:41 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com