ပြီးခဲ့သည့် ဇူလိုင်လက အီဂျစ်နိုင်ငံ၏ သမ္မတသစ် ဖြစ်လာသော မိုဟာမက်မော်စီက ဝန်ကြီးချုပ်သစ် အဖြစ် ဟစ်ဟမ်ကွမ်ဒဲကို ခန့်လိုက်သည့် သတင်း ကြောင့် နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက အလွန် အံ့အားသင့် သွားခဲ့ကြသည်။
အီဂျစ်နိုင်ငံပိုင် သတင်း မီဒီယာများ၏ အစီရင်ခံချက်အရ ဝန်ကြီးချုပ်အသစ် ဖြစ်လာမည့် ဟစ်ဟမ်ကွမ်ဒဲ၏ အစိုးရအဖွဲ့တွင် ယခင် အစိုးရ လက်ထက်က ဝန်ကြီးနှစ်ဦး၊ အစ္စလာမ် ဝန်ကြီးအချို့နှင့် နည်းပညာရှင် အများစု ပါဝင်မည်ဟု သိရသည်။ စစ်တပ် အကြီးအကဲဟောင်း မိုဟာမက် ဟူစိန်တန်တာဝီက ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည် သိရသည်။ ကွမ်ဒဲက အီဂျစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများ အခက်အခဲများကို နိုင်ငံရေး အင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန် လိုလားကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ကွမ်ဒဲက သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့အား ၎င်းတို့ရာထူးတွင် ဆက်လက် တာဝန် ထမ်းဆောင်စေမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။



6:36 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com