တိုင်းပြည် လုံခြုံရေး အတွက် ရေတပ်ကို နျူကလီးယား လက်နက် များဖြင့် အဆင့်မြှင့်တင်ပြီး၊ မဟာ အင်အားကြီးနိုင်ငံ ဖြစ်အောင် စွမ်းဆောင် သွားမည်ဟု ရုရှား သမ္မတ ဗလာ ဒီမာပူတင်က ဇူလိုင်လ၊ ၃၀ ရက်မှာ အတည်ပြု ပြောကြား သွားသည်။
ရုရှား အကျိုးစီးပွားအတွက် အားထားနေရသည့် အာတိတ် ရေနံရင်းမြစ်များအား ကာကွယ်သွားရန် ရုရှားသမ္မတ ဗလာဒီမာ၏ နာမည်ကို အစွဲပြု မှည့်ထားသည့် မင်းသားကြီး ဗလာဒီမာဆိုသော ရေငုပ်သင်္ဘောအား တည်ဆောက်ခြင်း အခမ်းအနားမှာ ပူတင်က ယင်းသို့ ပြောကြား သွားခြင်း ဖြစ်သည်။ အဆိုပါ ရေယာဉ်မှာ နောက်ဆုံးပေါ် နည်းပညာများဖြင် တီထွင်ထားသည့် ခေတ်မီ တိုက်ချင်းပစ်ဒုံး လက်နက် များအား တပ်ဆင်ထားသည်။ ယင်းစီမံကိန်းများ အတွက် ရုရှားရူဘယ် ထရီလျံ ၂၀ (အမေရိကန်ဒေါ်လာ ၆၂၁.၃၁ ဘီလျံ) အား ဆယ်စုနှစ် တစ်ခုစာ လျာထားသည်ဟု သိရသည်။
အဆိုပါ ကာကွယ်ရေးစရိတ်အတွက် ရုရှား ရူဘယ်ဘီလျံ ၂၀၀ မှ ၃၀၀ အထိ နှစ်စဉ် သုံးစွဲသွားရန် နိုင်ငံတော်ဘဏ်များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ရုရှား ဒုကာကွယ်ရေးဝန်ကြီးက ဆိုသည်။ စစ်အေးကာလတုန်းက အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့က လက်ဝဲနှင့်လက်ယာ အယူအဆ တိုက်ပွဲများကြားမှာ အားပြိုင်ခဲ့ကြသလို၊ လက်ရှိ အချိန်မှာလည်း ရုရှားက အမေရိကန် ပြည်ထောင်စုအား စစ်အင်အား ပြလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက သုံးသပ်ထားကြသည်။



6:31 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com