22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 12, 2012

ဓာတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေမည့် အံ့အားသင့်ဖွယ် နည်းလမ်း ငါးသွယ်

 

ရာသီ အပြောင်း အလဲ ကာလ တွေမှာ ဖြစ်တတ် တဲ့ ဓာတ်မ တည့်မှုတွေ ကို တွန်းလှန် နိုင်မယ့်နည်းက ဟစ်စတာမင်း ဆန့်ကျင်ဆေးတွေကို သောက်သုံးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ဓာတ်မတည့်မှု သက်သာစေဖို့ ဆရာဝန်နဲ့ တွေ့ ဆုံတာ၊ ဟစ်စတာမင်းတားဆေး သောက်တာနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့အရာတွေကို ရှောင်ကြဉ်တာ စတဲ့ နည်းအားလုံးကို လိုက်နာဖို့ လိုတာမှန်သလို ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ လက္ခဏာတွေ သက်သာအောင် အောက်ပါနည်းတွေကိုလည်း လိုက်နာ သင့်ပါတယ်။
(၁) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေ နဲ့ ထိတွေ့တဲ့အခါတိုင်း ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိတတ် ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာ ရေးကို စောင့်ရှောက်ပေးတဲ့ ကိုယ်ခံ စွမ်းအားစနစ်ကို ထိခိုက်စေနိုင်ပါ တယ်။ ကိုယ်ခံစွမ်းအားစနစ်အားနည်းရင် ဓာတ်မတည့်မှုကြောင့် တုံ့ပြန်မှုတွေ တိုးစေနိုင်တဲ့အတွက် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေ ထိန်းချုပ် သင့်ပါတယ်။
(၂) အိမ်ကို စနစ်တကျ စစ်ဆေးပြုပြင်ပါ
တစ်ခါတစ်ရံ သင့် အိမ်တွင်းအခြေအနေ က ပြင်ပပတ်ဝန်းကျင် ထက် ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လေ့ လာမှုအရ အိမ်တွင်း လေထုညစ်ညမ်းမှုဟာ ပြင်ပလေထုညစ်ညမ်းတာထက် ၁၀ ဆ ကျော် ပိုများတတ်ကြောင်း၊ လူအများစုက အိမ်ထဲမှာ အချိန် ၉၀ ရာခိုင်နှုန်းကျော် နေထိုင် တာကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ထိခိုက်မှုကို ပိုခံစားရကြောင်း သိရပါတယ်။ ဒါကြောင့် အိမ်တွင်းရှိ ကော်ဇော၊ အိပ်ရာခင်း၊ လိုက်ကာနဲ့ ပရိဘောဂမှန်သမျှ သေချာသန့်စင်ထား သင့်ပါတယ်။
(၃) ကိုယ်အလေးချိန်များနေလျှင် လျှော့ချပါ
အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာဟာ နှလုံး ရောဂါကနေ ကင်ဆာရောဂါဖြစ်နှုန်းအထိ ဆက်စပ်မှု ရှိပါ တယ်။ ကိုယ်အလေးချိန် ပေါင်ပိုနေတာကြောင့် ဓာတ်မတည့် မှုကြောင့် ထိခိုက်မှုဖြစ်သလိုမျိုး အသက်ရှူရခက်ခဲစေ ပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေဟာ အဆုတ်ကို အပြည့်အဝချဲ့တာနဲ့ ရင်ဝမ်းတာြးွကက်သားတွေကို အထက် အောက် ရွေ့လျား တာတွေ မလုပ်နိုင် အောင် ဟန့်တား ပေးပါတယ်။ ဒါ ကြောင့် အသက် ကောင်းကောင်း ရှူလို့မရတာမျိုး ဖြစ်ရတာပါ။
(၄) သင့်တော်သော အစားအသောက်များ စားပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု အလေ့အထ ကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးရင် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားဓာတ်မတည့်မှုဝေဒနာတွေ အပါအဝင် ကျန်းမာရေးပြဿနာအများစုကို သက်သာ လျော့ပါးစေနိုင်ပါတယ်။ အထူးသဖြင့် အင်တီအောက်ဆီးဒင့် ပါတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ လက်ဖက် စိမ်းနဲ့ တခြားအစားအသောက်တွေကို စားပေးရင် ကိုယ် တွင်းရောင်ရမ်းမှုကို လျော့ကျစေပြီး ဓာတ်မတည့်မှု သက် သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ (မှတ်ချက်- အစားအစာတချို့နဲ့ ဓာတ်မတည့်တတ်သူတွေအတွက် အကြံ ဥာဏ်မဟုတ်ပါဘူး။)
(၅) ဓာတ်မတည့်မှု ကုသဆေးများကို အခြား သဘာဝကုထုံးနှင့် အစားထိုးပါ
ပုံမှန် ဓာတ်မတည့်မှု ကုသဆေးတွေကို သုံးရင်း အောက်ပါ သုံးချက်ကို လိုက်နာရင် ဓာတ်မတည့်မှုဆိုင်ရာ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
(၁) နေ့စဉ် မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး နဲ့ တခြား ဗီတာမင်ဘီအုပ်စုတွေ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ် ဖြည့်စွက်ဆေးကို မှီဝဲပါ။
(၂) ညအိပ်ရာမဝင်ခင် ပူရှိန်း (Peppermint) လက်ဖက်ရည် ဒါမှမဟုတ် ချမိုမိုင်း (Chamomile) လက်ဖက်ရည်တစ်ခွက် သောက်ပါ။
(၃) ဆေးဖက်ဝင် ဖြည့်စွက်ဆေးတွေကို ရွေးချယ်ပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )