စင်ကာပူနိုင်ငံရှိ နန့်ယမ်းနည်း ပညာ တက္ကသိုလ်တွင် ကွန်ပျူတာ  သိပ္ပံဘွဲ့ကြို သင်တန်း တက်ရောက်ရန် မြန်မာ ကျောင်းသူနှစ်ဦးကို စင်  ကာပူအစိုးရက ပညာသင်ဆု ရွေး ချယ်ပေးအပ် လိုက်ကြောင်း စင် ကာပူသံရုံးမှ  သတင်းထုတ်ပြန် သည်။ 
မန္တလေးမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်တွင် ပညာသင်ယူနေ သော မပပခင်နှင့်  မုံရွာမြို့ ကွန် ပျူတာတက္ကသိုလ်တွင် ပညာသင် ယူနေသော မဝင်းမို့မို့မောင်တို့  သည် စင်ကာပူနိုင်ငံရှိ နန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ကွန်ပျူ  တာသိပ္ပံဘာသာရပ်ကိုသွားရောက် သင်ယူရန် ရွေးချယ်ခံရခြင်းဖြစ် သည်။
“စင်ကာပူပညာသင်ဆုကို အာဆီယံနိုင်ငံများက မိတ်ဆွေ တွေ စင်ကာပူနိုင်ငံမှာ  ပညာသင် ကြားဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိ ဖို့ ရည်ရွယ်ပြီး ၁၉၉၉ မှာ စတင်  ခဲ့ပါတယ်။ ယခုနှစ်လျှောက်ထား တဲ့သူတွေထဲမှာ သမီးတို့နှစ်ဦးဟာ  ရွေးချယ်ရေးအဖွဲ့က အထင်ကြီး လောက်တဲ့ ပညာရေးရလဒ်တွေ၊ ခေါင်းဆောင်မှု  အရည်အသွေး တွေနဲ့ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မှာ ပါဝင်သွားဖို့  ဆန္ဒပိုင်ဆိုင်ထား သူတွေ ဖြစ်ပါတယ်။
ကျွန်တော် တို့ ပညာသင်ဆုမှာ ကတိဝန်ခံ ချက်ထားရတာတွေ မရှိပါဘူး။  စင်ကာပူမှာ ဆည်းပူးခဲ့တဲ့ပညာ တွေနဲ့ ဘွဲ့ရအပြီးမှာ မိမိတို့နိုင်ငံ ကို  အကျိုးရှိရှိ အထောက်အကူ ပြုသွားနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု  ပညာသင်ဆုအခမ်း အနားတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ကထိကဒေါက်တာ  ကြည်သာဦးကပြောကြားခဲ့သည်။
ယခု ပညာသင်ဆုများမှာ စင် ကာပူ ပူးပေါင်းဆောင်ရွက်မှု အ စီအစဉ်အရ  နည်းပညာဆိုင်ရာ အကူအညီပေးရေးတွင် မြန်မာနိုင် ငံနှင့် ကျယ်ကျယ်ပြန့်ပြန့်  ပူးပေါင်း ဆောင်ရွက်ရေး၏ အစိတ်အပိုင်း ဖြစ်ကြောင်း သိရသည်။



6:49 AM
Admin
 Posted in:  


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com