မြန်မာ နိုင်ငံရှိ တက္ကသိုလ် ခုနစ်ခုမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား များအတွက် နော်ဝေနိုင်ငံရှိ အော် စလိုတက္ကသိုလ်(University of Oslo)နှင့် သုတေသနပြုလုပ်ခြင်း၊ ဟောပြောပွဲများ၊ ပညာသင်စေ လွှတ်ခြင်းများ ဆိုင်ရာဆွေးနွေးမှု တစ်ခုပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။
ဆေးဘက်ဆိုင်ရာတက္ကသိုလ် နှစ်ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်သည်။ လက်ရှိတွင် ကျန်တက္ကသိုလ်များ အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကြားခံ ဆောင်ရွက်ပေးသည့် မင်္ဂလာမြန် မာမှတာဝန်ရှိသူတစ်ဦးကပြော သည်။ စတင်ပြုလုပ်မည့်အချိန် တွင် တက္ကသိုလ်များ ပညာရေးအ ဆင့်မြှင့်တင်ပေးနိုင်ရန် အဆိုပါ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များအတွက် အဓိကရည်ရွယ်၍ အရည်အသွေးမြင့်ဆရာ၊ ဆရာမ များက ပြန်လည်သင်ကြားပေးနိုင် ရန် ရည်ရွယ်ထားပြီး ပြည်ပ ပညာ သင်စေလွှတ်ခြင်းများအပြင် ပြည် တွင်းတွင်လည်း သင်တန်းများ ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ် ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက် တာဒေါက်တာဖုန်းဝင်းက ပြော သည်။
“ဘာသာရပ်ကတော့ အခု လောလောဆယ် ၆ ခုလောက် သတ်မှတ်ထားတယ်။ အခုစလုပ် တဲ့အချိန်မှာတော့ ပြည်ပကို လူ နည်းနည်း ပညာသင်လွှတ်တာအ ပြင်ပြည်တွင်းမှာ လူများများသင် နိုင်အောင် University of Oslo ကနေ ပညာရှင်တွေ ဖိတ်ပြီးသင် ကြားပေးဖို့ ရှိတယ်။ အဲဒီကျောင်း တွေကအပြင် တခြားစိတ်ဝင်စား တဲ့သူတွေလည်း လျှောက်ထားလို့ ရတယ်။ အဓိကကတော့ ဘယ်သူ ပဲဖြစ်ဖြစ် တက်ပြီးရင်တော့ ပြန် လည်သင်ကြားပေးမယ့် သူတွေပဲ ဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ ရွေးချယ် သွားမှာပါ”ဟု ဒေါက်တာဖုန်း ဝင်းကဆက်လက်ပြောသည်။
Public Policy, Economic, Environment Science, Law, Teacher Education စသည့် ဘာသာရပ် များအား ဖွင့်လှစ်သင် ကြားပေးနိုင်ရန် ဆွေးနွေးလျက်ရှိ သည်။ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်-၁၊ အမျိုးသားစီမံ ခန့်ခွဲမှုကောလိပ်၊ ပညာရေး တက္က သိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးတက္က သိုလ်နှင့် ရန်ကုန်နည်းပညာတက္က သိုလ်နှင့် သုတေသနပြုလုပ်ခြင်း များ၊ ဟောပြောပွဲများ ပြုလုပ်ရာ တွင် University of Oslo မှ ပညာရှင်များက လာရောက်ပူး ပေါင်းဆောင်ရွက်ခြင်းများ၊ ပြည် တွင်းရှိ အဆိုပါ တက္ကသိုလ်များ မှ ဆရာ၊ ဆရာမများအပြင် စိတ် ဝင်စားသူများအတွက် ဘာသာ ရပ်များကို လာရောက်သင်ယူ ခြင်းများ၊ ထူးချွန်ကျောင်းသား များအား ရွေးချယ်ပြီး University of Oslo တွင် သွားရောက် ပညာ သင်ခွင့်များပါဝင်ကြောင်း မင်္ဂလာ မြန်မာမှ ဒါရိုက်တာဒေါက်တာ ဖုန်းဝင်းကပြောသည်။



6:51 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com