သက်မွန်မြင့်က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “အရောင်တူတဲ့ အချစ်” ဇာတ်ကားမှာ ကောင်းပြည့်နဲ့အတူ သရုပ်ဆောင်ထား ပါတယ်။ လက်ရှိမှာ ထွက်ရှိ ထားတဲ့ “ညှို့မျက်ဝန်း” ဇာတ်ကားမှာ ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်ထားပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ကားလေး ဖြစ်ပါတယ်။ အဲဒီဇာတ်ကားလေးမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ သက်မွန်မြင့်ကို နောက်ပိုင်းမှာ ဒါရိုက်တာလုပ်ဖို့ အစီအစဉ်ရှိလား ဆိုတာကိုမေးကြည့်တော့
“သက်မွန် ဒါရိုက်တာ လုပ်ဖို့ မရှိ ပါဘူး။ ကိုယ်က သိပ်ပြီးအာရုံနောက်လို့မရဘူး။ အာရုံနှစ်ခု၊ သုံးခုကိုခွဲပြီး မဖြန့်နိုင်ဘူး။ ဒါရိုက်တာကျတော့ တအားကြီး အသေး စိတ်သွားတယ်။ အများကြီး တာဝန်ယူ ရတယ်။ အဲဒီ လောက်ထိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသေးဘူး။ ပြီးတော့ နိုင်လည်းမနိုင်သေးဘူး။ ဒီတစ်ခု တည်းတောင်မှ တစ်ခါတလေ တအား ပင်ပန်းရင် ခေါင်း ရှုပ်လာတယ်” လို့ ပြောပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်က သူ့ဇာတ်ကားလေးတွေ ထွက်တိုင်း ရင်ခုန်ရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံး သပ်ဖြစ်တယ်လို့ ပြောပါတယ်။သက်မွန်မြင့်က အခုချိန်ထိ အောင်မြင်မှုရရှိနေတဲ့
“အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” ရုပ်ရှင်ကားကြီးကို ပရိသတ်တွေ အားပေးနေကြတဲ့ အတွက် တအားဝမ်းသာပီတိဖြစ်နေ ရကြောင်း ပြောပါတယ်။ ဒီကားလေးက အောင်မြင်မှုရရှိနေတဲ့အတွက်ကြောင့် နောက် ရုံတင်မယ့်ကားတွေမှာ အဲဒီ အောင်မြင်မှု ကို ကျော်လွှားနိုင်မလားဆိုတာကိုတော့ ကံနဲ့ပဲ ဆိုင်တယ်လို့ ပြောပါတယ်။ သက်မွန်မြင့်ကို ရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ရတာဘာတွေ ကွာခြားမှုရှိနေပြီလဲဆိုတာကို “HD တွေ ပေါ်လာတဲ့အခါကျတော့ သက်သောင့်သက်သာရှိ သွားတယ်။ အရင်ကဆိုရင် ဖလင် တအားရှားတော့ အမှားမခံဘူး ဆိုတဲ့ အသိစိတ်က ရှိနေတော့ ဖိအားများ တာပေါ့။ နည်းပညာ အများကြီး တိုးတက်လာပါတယ်” လို့ ပြောပါတယ်။ လတ်တလောမှာ သက်မွန်မြင့်က စန္ဒီမြင့်လွင်ရဲ့ ဒုတိယ တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “ရှော့ခ်” ဗီစီဒီရဲ့ လူကြိုက် များနေတဲ့ “ချစ်နေတုန်းပဲ” သီချင်းမှာ နေမင်းနဲ့ အတူ သရုပ်ဆောင်နေပါတယ်။



6:54 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com