22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 12, 2012

ပါကစ္စတန်- ထိုင်းနိုင်ငံတို့က ရိုက်ကူးရေး အဖွဲ့တွေနဲ့ ကြော်ငြာ ရိုက်မယ့် ချစ်သုဝေ

 

ချစ်သုဝေက ပါကစ္စတန်နဲ့ ထိုင်းအဖွဲ့ ၂ ဖွဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးမယ့် ယမ်မီဂမ်မီကြော်ငြာမှာ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီကြော်ငြာ ကို မြန်မာနိုင်ငံမှာ ရိုက်ကူးမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တည်းဖြတ် ထုတ်လုပ် ကာ မြန်မာနိုင်ငံမှာထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
ဒီကြော်ငြာ မှာ ချစ်သုဝေနဲ့အတူပါဝင်မယ့် ၇နှစ်အရွယ် ကလေး အတွက် ရိုက်ကူးမယ့် အဝတ်အစားနဲ့ မိတ်ကပ် တွေကို ပါကစ္စတန်နဲ့ ထိုင်း အဖွဲ့ ၂ဖွဲ့ကပဲ တာဝန်ယူဆောင် ရွက်ပေးမှာဖြစ်ပါတယ်။ဒီကြော်ငြာနဲ့ ပတ်သက်ပြီးချစ်သုဝေက”ဒီကြော်ငြာမှာ ကျွန်မက ခေတ်ပုံစံအမေလုပ်ရမယ်။ သူတို့က လက်တွဲရိုက်ကူးရမယ့်အဖွဲ့တွေကိုပြောပြတယ်။ သြဂုတ် ၄ရက်နေ့က အစည်း အဝေးခေါ်ပြီး နိုင်ငံခြားသားနဲ့ ဆွေး နွေးကြတယ်။ သူတို့ရဲ့ ကုန်ပစ္စည်း အကြောင်းကို ရှင်းပြ တယ်။ကျွန်မကတော့သဘောကျတယ်။ သူတို့က သရုပ်ဆောင်ငှားရင် သူတို့ကုန်ပစ္စည်းကိုပါအစ အဆုံးရှင်းပြတယ်။ မြန်မာပြည်ဈေးကွက်မှာဘယ် လိုရှိတယ်ဆိုပြီးသူတို့ရဲ့ ရည်မှန်းချက်လေးပါ သိရတော့ ကိုယ်သရုပ်ဆောင်တဲ့အခါ ဒီအချက် အလက်တွေကအများကြီးအထောက် အကူပြု တယ်”လို့ပြောပါတယ်။
0000ချစ်သုဝေက လွန်ခဲ့တဲ့ ၁နှစ်ခွဲကျော်က လုပ်ထားတဲ့ မျက်မမြင်ကျောင်း ဗီစီဒီအတွက် သီချင်းသွင်းနေပါတယ်။ Live Show ဗီစီဒီကတော့ ရိုက်ကူးပြီးသွားပြီး အချိန် မရသေးတဲ့အတွက်သီချင်းအချောပြန်မသွင်းရခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ချစ်သုဝေ က ဒမ်ကီမိုရီ ကုန် ပစ္စည်းရဲ့ Brand Ambassador အဖြစ် member တွေ နဲ့အတူ စက်တင်ဘာလမှာ ဟောင်ကောင်ကို တစ်ပတ်ကြာသွား ရောက်မှာဖြစ်ပါတယ်။ သြဂုတ်လ ၅ရက်နဲ့ ၆ရက်တွေမှာသြဂုတ် လ၁ဝရက်မှာ ကျရောက်မယ့် ဒီနှစ်မွေးနေ့အတွက် လူမှုရေး ကျောင်းတွေကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )