Apple က ထုတ်လုပ် ရန် ရှိသည့် iPad Mini နှင့် ပတ်သက်သော သတင်း များ အင်တာနက်တွင် ကျယ်ကျယ် ပြန့်ပြန့်ပေါ်ထွက် နေသော် လည်း မည့်သည့် အချိန်တွင် သုံးစွဲသူများ ထံသို့ပြသ ရောင်းချမည့် အချက်ကို အတိအကျ ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း နောက်ဆက် တွဲထွက်ပေါ် လာသည့် ဗဃြ သ တင်းဌာန၏ ဖြည့်စွက်ဖော်ပြချက် များအရ လာမည့်အောက်တိုဘာ လအတွင်း ပြသရောင်းချသွားရန်ရှိ သည်ဟု သိရှိရသည်။
Apple သည် ယခုနှစ်ဆောင်း ရာသီကာလအတွင်း၌ ပြပွဲနှစ်ခုကျင်း ပပြုလုပ်ရန်ရှိနေပြီးတစ်ခုမှာစက် တင်ဘာတွင်ကျင်းပရန်ရှိသည့် ၄င်း တို့၏နောက်ဆုံး iPhone မျိုးဆက် သစ်ဖြစ်သည့် iPhone 5 ကိုပြသရန် ရှိနေပြီး Apple ကရက်အတိအကျ ကိုထုတ်ပြန်ခြင်းမရှိသေးသော်လည်း စက်တင်ဘာ ၁၂ရက်တွင်ပြုလုပ် ဖွယ်ရှိသည်ဟု သတင်းများကဖော်ပြနေကြသည်။
ဈေးကွက်တင်ပို့ ခြင်းကိုလည်း စက်တင်ဘာ ၂၁ရက် တွင်စတင်လုပ်ဆောင်နိုင်သည်ဟု သတင်းများက ဆက်လက်ဖော်ပြ ထားကြသည်။ အဆိုပါiPnone 5 ကိုပြသ ရောင်းမှုများပြုလုပ်ပြီး နောက်တစ် လဖြစ်သည့် အောက်တိုဘာ၌ iPad Mini ကိုဆက်လက်ပြသရောင်းချမှု များပြုလုပ်သွားရန်ရှိနေသည်။ လက် ရှိဖော်ပြနေသောသတင်းများအရ iPad Mini မှာ7.85inch display ရှိမည် ဖြစ်ပြီး အားသွင်း port မှာလည်းလက်ရှိ New iPad ထက်အနည်းငယ် သေးမည်ဖြစ်သည်။
အဆိုပါ မျိုး ဆက်သစ် iPnone 5 နှင့် iPad Mini ကိုပြပွဲတစ်ခုတည်း၌ အတူယှဉ်တွဲ ပြသနိုင်သည်ဆိုသည့်သတင်းများ ကိုလည်း အဆုံးသတ်သွားစေခဲ့ပြီး Apple ၏အဓိကရည်ရွယ်ရွယ်မှာ ၄င်း တို့၏ထုတ်ကုန်သစ်နှစ်မျိုးကိုတစ် ပြိုင်နက်တည်းပြသပါက အာရုံစိုက် လေ့လာဝယ်ယူမှုအပိုင်းအားနည်း မှုကိုရှောင်းရှားစေလိုပြီး ဝယ်ယူသူ များကိုလည်း သီးခြားစီဝယ်ယူလို စေခြင်းဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com