နိုင်ငံရေးအကျဉ်းသားဟောင်းများ သတင်းစာရှင်းလင်းပွဲ
လက်ရှိ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား များအားလုံး ပြန်လည် လွတ် မြောက် လာရေးနဲ့  ပြည်ပ ရောက် ဒီမိုကရေစီရေး လှုပ်ရှားနေကြသူများ မိမိနိုင်ငံကို ဂုဏ်သိက္ခာရှိစွာ ပြန်လာ နိုင်ရေးအတွက် နိုင်ငံတော် သမ္မတထံစာရေးသားတင်ပြတောင်းဆိုခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား များအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ တောင်ဝင်နှင်းဆီ (ငြိမ်းချမ်းခန်းမ)မှာ နေ့လည် ၁၁ နာရီက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ဟာ ဒီမနက် ၉ နာရီခွဲမှာပဲ စာတိုက်ကနေ အမြန်ချောပို့နဲ့ သမ္မတ အပါအဝင် လွှတ်တော်အသီးသီးကဥက္ကဌတွေ ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နဲ့ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန တွေကိုလည်း စာပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ မှ တာဝန်ရှိသူများဖြစ်ကြတဲ့ ကိုကျော်ထွေး ၊ ကိုဘမျိုးသိန်း ၊ ကိုဘိုဘိုဦး ၊ ကိုထွန်းကြည် ၊ ကိုတိုးကျော်လှိုင် ၊ ကိုဘိုဘိုထွန်း နဲ့ သတင်းထောက်တွေ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအပါအဝင် လူဦးရေ ၅၀ လောက် တက်ရောက်လာခဲ့ကြပါတယ်ခင်ဗျာ။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com