တာဝန် တစ်ခုကို ယူထားပြီး ပါက အမည်ခံ တာဝန် ယူထားခြင်း မျိုး မဖြစ်
ချင်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဒုတိယ ဥက္ကဋ္ဌ
တာဝန်ယူထားသည့် လူမင်း က ဆိုသည်။ ”ကျွန်တော်က ဒီတာဝန်တစ်ခုကို ယူထားပြီးရင်
အမည်ခံ တာဝန်ကြီး ယူထားတာမျိုး မဖြစ်ချင်ဘူး။ အဲဒါကြောင့် တာဝန်ကျေအောင်
တတ်နိုင်သလောက် ကျွန်တော် သွားတယ်။ အခုဆိုလည်း အစည်းအရုံးကို မနက်အစောကြီး
ထသွားရတယ်။ ဆိုလိုတာက ဝီရိယကတော့ ပိုစိုက်ရတယ်။ ပိုပြီး ပင်ပန်းတယ်ပေါ့။
မိသားစုအချိန် တွေ ထဲက အများကြီး ပေးရတယ်။ တတ်နိုင်သလောက်တော့ တာဝန်
ကျေချင်တယ်။ အကုန်လုံးကို ညှိနှိုင်းနေရတယ်။ ဒီလပိုင်းတွေက ကျွန်တော့် အတွက်
အလုပ်အရှုပ် ဆုံး အချိန်တွေပေါ့။ ရှေ့လျှောက်လည်း ရှုပ်နေဦးမယ်။
ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်က ပိုပွင့်လင်းလာ ပြီ။ အစ်ကိုတို့
ဝန်ကြီးလည်း ပြောင်းသွားတဲ့ အတွက် အစ်ကိုတို့ အစည်း အရုံးအတွက်
အခွင့်အလမ်းတွေ ပိုများလာမယ်။ အလုပ်ရှုပ်နေမှာ ပါ”ဟု သူကပြောသည်။
လတ်တလောတွင် လူမင်းက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့်
‘ဘဝကိုလောင်းကြေးထပ်သူများ’ ဇာတ်ကားတွင် ပိုင်ဇေရဲထွန်း၊ ထွန်းအိန္ဒြာဗို၊
ရွှေမှုန်ရတီ တို့နှင့် အတူ သရုပ်ဆောင်နေကြောင်း သိရသည်။ ထိုဇာတ်ကားတွင်
ဖခင်အဖြစ် သရုပ်ဆောင် ထားသည့် လူမင်းကို ကိုယ်တိုင်လည်း ဖခင် တစ်ယောက်
ဖြစ်သည့် အတွက် ကာရိုက်တာကို ပိုပြီး ပီပြင်စေနိုင် မလားဆိုသည်ကို ၄င်းက-
”ကိုယ်ကိုယ်တိုင် သားသမီး ရသွားတော့ မိဘမေတ္တာကို အရင်က လေ့လာအားနဲ့
သိတာမဟုတ်ဘဲ နဲ့ ကိုယ်တွေ့ ခံစားသိလာရတာမျိုး လည်း ပါလာတယ် ။ နောက်တစ်ခု
ကကျတော့ အသက်အရွယ်အရ ဒီလို အဖေကာရိုက်တာ လုပ်ရတာ ပိုပြီး အရသာရှိလာတယ်။
ကိုယ့် ကိုယ်ကိုယ်လည်း စာသိ၊ သင်ယူတဲ့ အသိအပြင် ကိုယ်တွေ့ပါ သိလိုက်ရ တော့
ပြည်စုံလာတယ်လို့ ခံစား ရတယ်”ဟု ဆိုသည်။ အကြိုက် မတူသည့် ပရိသတ်
များကြားတွင် ဇာတ်လမ်းသရုပ် ဆောင်မှုနှင့် ပတ်သက်၍ လူမင်း က-
”ကျွန်တော်ကတော့ ဇာတ် လမ်းကို မျှပြီး ရိုက်ရတယ်။ တချို့ ပရိသတ်တွေ
ကျတော့လည်း ကျွန် တော့်ကို လူကြီး ပုံစံနဲ့ ရိုက်တာ ကြိုက်သလို၊ မင်းသမီး
အငယ်နဲ့တွဲ ပြီး ရိုက်တာလည်း ကြိုက်ကြ တယ်လို့ ပြောကြတယ်။ အဲဒီလို ဆိုရင်
အစ်ကိုတို့ ဘက်က မျှရိုက် နေရတာပေါ့။ တစ်လိုင်းတည်းတော့ မသွားပါဘူး။
အမှန်တကယ် ဆိုရင် ဒီတိုင်းပြည်မှာ ဖြစ်နေလို့ပါ။ ကျွန်တော်တို့ အသက်အရွယ်
ဆိုရင် ဘဝနဲ့ယှဉ်တဲ့ ဇာတ်လမ်းတွေ ပံ့ပိုးမှု အားကောင်းကောင်းနဲ့ ရိုက်ရမယ့်
ဇာတ်လမ်းမျိုးတွေ ရိုက်ချင် တယ်။ ဖန်စီ ဆန်ဆန် ဇာတ်တွေက ကျွန်တော်တို့နဲ့
မလိုက်တော့ဘူး”ဟုပြောသည်။
Friday, September 21, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter



6:47 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com