မြန်မာ့ လက်ရွေးစင် အသင်းနှင့် ကာလ အတန်ကြာ ဝေးကွာနေခဲ့သည့် ကမ္ဘောဇ အသင်း၏ တိုက်စစ်မှူး စိုးမင်းဦးကို စင်ကာပူနှင့် ကစားခဲ့သည့် ခြေစမ်းပွဲ အတွက် ရွေးချယ်မှု ပြုခဲ့သော်လည်း ၎င်းမှာ ဆူဇူကီး ဖလား ပြိုင်ပွဲကို ပါဝင် ခွင့်ရမည် မဟုတ်ကြောင်း မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။
ကမ္ဘောဇ အသင်းနှင့် ပြသခဲ့သည့် ခြေစွမ်းကြောင့် စင်ကာပူနှင့် ခြေစမ်းပွဲ အတွက် စိုးမင်းဦးကို ရွေးချယ်ခဲ့သော်လည်း ကစားသမားမှာ အဆိုပါ ပွဲတွင် ကစားခွင့် မရခဲ့ဘဲ ပွဲချိန်တစ်လျှောက် အရန် ခုံ၌သာ ရှိနေခဲ့ရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပတ်ဆောင်ဟွာက "အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေလို့ စိုးမင်းဦးကို လိုရမယ်ရ ခေါ်လိုက်တာပါ။ လက်ရှိ အချိန် တိုက်စစ်မှာက ကောင်းစည်သူ တစ်ယောက်ပဲ ရှိနေတယ်လေ။ ကောင်းစည်သူ ခြေစွမ်း မပြနိုင်ရင် စိုးမင်းဦးကို လူစားလဲမှာ ဖြစ်ပေမယ့် ကောင်းစည်သူက တစ်ပွဲလုံး ကောင်းကောင်းထိန်း ကစား နိုင်ခဲ့လို့ လူစားဝင်ခွင့် မရခဲ့တာပါ" ဟု ပတ်ဆောင်ဟွာက ဆိုခဲ့သည်။
ဆူဇူကီး ဖလားပြိုင်ပွဲ အတွက် ကစားသမား မှတ်ပုံ တင်ခြင်းမှာလည်း ပြီးစီးခဲ့ပြီ ဖြစ်ရာ အဆိုပါ ကစားသမား စာရင်းတွင် ပါဝင်ခွင့် မရခဲ့သည့် စိုးမင်းဦးမှာ ဆူဇူကီးဖလား ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။ အဆိုပါ လူစာရင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန် နေရသည့် ရန်ပိုင်နှင့် ကျော်ကိုကိုတို့ ပါဝင်နေပြီး အဆိုပါ ကစားသမားများ ပြိုင်ပွဲအမှီ ဒဏ်ရာမှ သက်သာ လာစေရန် မျှော်လင့်ကြောင်းလည်း ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com