22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

ခြေစမ်းပွဲ ရလဒ်အပေါ် ကျေနပ်မှု ရှိကြောင်း စင်ကာပူ အသင်းနည်းပြချုပ် အေဗရာမိုဗစ် ပြောကြား

မြန်မာ အသင်းနှင့် သရေ ကျခဲ့သည့် ပွဲအပြီးတွင် စင်ကာပူ လက်ရွေးစင် အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်က ပွဲအပြီး ရလဒ်အပေါ် ကျေနပ်မှု ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ စင်ကာပူသည် မြန်မာ အသင်းကို ပွဲချိန်(၅၄)မိနစ်တွင် သွင်းယူသော ဂိုးဖြင ဦးဆောင်နိုင် ခဲ့သော်လည်း မြန်မာအသင်း၏ တောင်ပံလူ ဒေးဗစ်ထန်က မြေမကျ ကန်ချက်ဖြင့် ပြန်လည် ချေပခဲ့သည်။

စင်ကာပူ လက်ရွေးစင် အသင်းသည် ဆူဇူကီး ဖလား ပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် ခြေစမ်းပွဲများ ကစားလျှက်ရှိရာ မြန်မာအသင်းနှင့် လာရောက်ခြေစမ်း ခဲ့ခြင်းဖြစ်သည်။ စင်ကာပူ အသင်း၏ ရှေ့တန်းတွင် ၀ါရင့် တိုက်စစ်မှူး အဂူကတ်စ်မီးယား ပါဝင်လာခဲ့ပြီး မွေးစားကစားသမား အချို့နှင့်အတူ မြန်မာအသင်းကို ရင်ဆိုင်ခဲ့သည်။ လူကောင် ထွားကြိုင်းသည့် စင်ကာပူ ကစားသမားများသည် မြန်မာ အသင်း၏ ဖြတ်တင် ဘောများဖြင့် တိုက်စစ်ဆင်မှုကို ကောင်းစွာ ဟန့်တားနိုင်ခဲ့ပြီး မြန်မာအသင်း ဂိုးပေါက်ကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန်(၅၄) မိနစ်တွင်မူ တိုက်စစ်မှူး ကတ်စ်မီးယား သွင်းယူပေးသည့် ဦးဆောင်ဂိုးဖြင့် မြန်မာအသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း မြန်မာ ကွင်းလယ်လူ ဒေးဗစ်ထန်၏ ခြေပဂိုးကို ခွင့်ပြု ခဲ့ရသောကြောင့် ပွဲအပြီးတွင် သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုသို့ နောက်ကျဂိုးကို ခွင့်ပြုခဲ့ရပြီး သရေ ကျခဲ့သော်လည်း စင်ကာပူ နည်းပြချုပ် အေဗရာမိုဗစ်က "ဒီနေ့ပွဲ သရေ ရလဒ်ကို ကျေနပ်ပါတယ်။ မြန်မာအသင်းက ပထမပိုင်းမှာ ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယ ပိုင်းမှာတော့ ကျွန်တော်တို့ ပြန်လည်ပြီး ပွဲကိုဦးဆောင် နိုင်ခဲ့ပါတယ်။ အမှန်ဆို ကျွန်တော့် ကစားသမားတွေက ဒီခြေစမ်းပွဲ အတွက် အဆင်သင့်မဖြစ် ကြသေးပါဘူး" ဟု ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။

စင်ကာပူ လက်ရွေးစင် အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ နောက်ဆုံးကစားခဲ့သည့် ခြေစမ်းပွဲတွင် ဖိလစ်ပိုင် အသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ယခုတစ်ဖန် မြန်မာ အသင်းနှင့် ဆက်လက်၍ သရေကျခဲ့ခြင်း အပေါ် အေဗရာမိုဗစ်က အဓီက ကစားသမား(၆)ဦးခန့် မပါဝင်နိုင်သေးသည့် မိမိ၏အသင်းမှာ အခက်အခဲ အချို့ ရှိနေကြောင်း၊ သို့သော် ရလဒ်များ ကျဆင်းနေသည်ဟု မိမိ မထင်ကြောင်း ပြောကြားခဲ့သည် မြန်မာ အသင်းနှင့် ပတ်သက်၍မူ ၎င်းက "အရင်က ရင်ဆိုင်ခဲ့ဖူးတဲ့ မြန်မာ အသင်းက ကျွမ်းကျင်မှု ကောင်းတယ်။ ဒီနေ့ အသင်းကတော့ တော်တော်ကို မြန်တယ်။ လူငယ်တွေလည်း တော်တော်လေး များပါတယ်။ အသင်းကောင်း တစ်သင်းပါ။ သူတို့မှာ အခု လိုအပ်နေတာက အချိန်လို့ ထင်ပါတယ်" ဟု ဆိုခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )