22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 19, 2011

နောက်ဆုံးနေ့အတွက် ပြင်ဆင်ပြီးပြီလား

ယနေ့ကမ္ဘာလောကကြီးသည် ရှုပ်ထွေးနေပါသည်။ ဆိုးညစ်နေပါသည်။ မှောင်မိုက်နေပါသည်။ ငြိမ်သက်ခြင်း အစားဒေါသအမျက်နှင့် မုန်းတီးမှု၊ ရန်လိုမှုတို့နှင့် ပြည့်နေပါသည်။ မျှော်လင့်ချက်မဲ့၍ ယုံကြည်ချက်တို့ တိမ်း ယိမ်းကာ အယူလွဲသူတို့နှင့် ပြည့်နှက်နေပါသည်။ ယားသောနားအစုံနှင့် မှားသောတရားအဖုံဖုံတို့ကို နားဆင် ရင်း တောင်ကောင်းနိုးနိုး၊ မြောက်ကောင်းနိုးနိုးနှင့် လေတိုက်သော ဖွဲကဲ့သို့သော ဆောက်တည်ရာမဲ့ ဖြစ်နေကြ သူတွေလည်း ဒုနဲ့ဒေး ရှိပါသည်။ စိတ်ပညာရှင်များ၏ ထင်မြင်ချက်သြ၀ါဒများအောက်တွင် ပျော်မွေ့နေသူများ လည်း အများအပြားပင်၊ ထိုအရာများက ကျွန်ုပ်တို့ ၀ိညာဉ်ရေးအတွက် မှန်ကန်သော အဖြေမပေးနိုင်သည့်တိုင် အဖြေမှန်ရရှိနိုင်ရန် မျှော်လင့်ကြီးစွာနှင့် ရပ်တည်နေကြပါသည်။ အမှန်စင်စစ် အနာဂတ်တွင် မျှော်လင့်ခြင်း တစ်ခုရှိနေဆဲပါ။
အချိန်လည်းရှိပါသေးသည်။ ဆုံးရှုံးခြင်းဆိုသည်မှာ အသက်တာအတွက် နောင်တရရန်နှင့် အသစ်ပြုပြင်ရန် လမ်းစဖြစ်ပါသည်။ သို့သော် ဘုရားသခင်မပါသော နောင်တသည် အချည်းအနှီးပင်ဖြစ်သည်။ ဘုရားသခင် သည် အပြစ်ဒုစရိုက်နှင့် ပြည့်ဝနေသော ကမ္ဘာလောကကြီးကို နိမိတ်များဖြင့် သတိပေးနေပါသည်။ ကျွန်ုပ်တို့ တွေ့မြင်ခံစားနေရသော စစ်မီးတောက်များ၊ သဘာဝဘေးအန္တရယ်များ၊ အယူဝါဒလွဲမှားမှုများသည် ဘုရား သခင် ဖော်ပြနေသော သတိပေးခြင်း အရိပ်လက္ခဏာများပင် ဖြစ်ပါသည်။ ထို့ကြောင့် အချိန်မီ နောင်တရ ရန် လိုပေသည်။ ယော ၃း ၅-၇ တွင် ဖော်ပြထားသော ဒုတိယမွေးခြင်းသည် ကမ္ဘာလောကကြီးအတွက် နောက်ဆုံးနှင့် အကောင်းဆုံး မျှော်လင့်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ြ့ခင်း လည်းဖြစ်လေသည်။ မဿဲး ၁၀း၂၈ တွင်လည်း ဤကဲ့သို့ ဖော်ပြထားပါသည်။ ကိုယ်ရော ၀ိညာဉ်ပါ ငရဲတွင် ဖျက်ဆီးနိုင်သူကို ကြောက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကြောက်လျှင် အပြစ်မှ နောင်တ နှင့် ပြန်လှည့်၍ ဘုရားသခင်ထံတွင် လူသစ်ဖြစ်ရပါမည်။ ဘုရားသခင်၏ သားတော်ကို မယုံကြည်သော သူ တို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့၍ မျှော်လင့်ခြင်းလည်း မရေရာပေ။ မိမိသည် မည်သည့်နေရာမှ လာ၍ မည်သည့်နေရာသို့ သွားမည်။ အဘယ်ကြောင့် ဤနေရာတွင် ရှိနေရခြင်းတို့ကို နားလည်ခြင်း မရှိပေ။ အ မှောင်လမ်းထဲတွင် ယိုင်နဲ့စွာ လျှောက်လှမ်းနေကြပါသည်။ သားတော်ကို ယုံကြည်သူတို့မူကား မိမိတို့ မည် သည့် နေရာမှလာသည်ကို နားလည်သလို မိမိတို့ အသက်ရှင်နေရခြင်း၏ ရည်ရွယ်ချက်၊ အနာဂတ်၊ ဘုန်း တန်ခိုး၏ ဦးတည်ချက်တို့ကို နားလည်ကြပါသည်။ လူသားတို့၏ အကြီးမားဆုံး ရန်သူဖြစ်သော သေခြင်းကို အောင်နိုင်ခြင်းကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ရပါမည်။ ၂တိ ၁း၁၀၊ ၁ကော ၁၅း၂၆၊ ၁ကော ၁၅း၁၅၊ ဗျာ ၁း၁၈။ မယုံကြည်သူများအတွက် သေခြင်းသည် ၀မ်းနည်းစရာကောင်းသော၊ ကြောက်စရာကောင်း သောအရာဖြစ်သည်။ မယုံကြည်သူများသည် ကြီးမားသော စီရင်ခြင်းဖြစ်သော ပလ္လင်ဖြူတရားစီရင်ခြင်းကို သွားရန် စောင့်မျှော်နေကြသည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းငှာ နားမလည်ကြ၊ သခင် ခရစ်တော်၏ သင်ကြားခြင်းကိုလည်း မှန်ကန်စွာ ယူဆ နိုင်ခြင်းလည်း မရှိကြပါ။ ငရဲမှလွတ်မြောက်ရန် လမ်း စကိုလည်း မသိရှိကြပါ။ ငရဲရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် မရှိခြင်းပင်ဖြစ်သည်။  သခင်ခရစ်တော်သည် ငရဲ၏အဓိပ္ပာယ်ကို ဖော်ပြရန် စကားလုံးသုံးလုံး အသုံးပြုထားသည်ကို တွေ့ရပါသည်။ ၄င်းတို့မှာ- (၁) မီး (၂) မှောင်မိုက်ခြင်း (၃) သေခြင်း တို့ဖြစ်ပါသည်။ ဟေဗြဲ ၁၂း၂၉ " ငါတို့ဘုရားသခင် သည်လောင်သောမီးဖြစ်တော်မူ၏ " ဟု ငရဲကို ရည်ညွှန်းဖော်ပြထားပါသည်။ မှောင်မိုက်ခြင်းနှင့်လည်း ပတ် သက်၍လည်း ၁ယော ၁း၁၅၊ မဿဲ ၈း၁၂ တွင် ဖော်ပြထားပါသည်။ သားတော် ယေရှုခရစ်တော်ကို ငြင်း ပယ်သောသူသည် အမှောင်သို့ ထာဝရရောက်ရှိမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ ထိုမှောင်မိုက် ငရဲမှ  လွတ်မြောက်ရန်နှင့် အလင်းရှင် ခရစ်တော်ကို ရရှိရမည်ဖြစ်ပါသည်။ တတိယ ငရဲကို ကိုယ်စားပြုသော စကားလုံးမှာ သေခြင်းဖြစ်သည်။ ထို့ကြောင့် သေခြင်းတည်းဟူသော ငရဲမှ လွတ်မြောက်ရန် အသက်ရှင် သော ယေရှုခရစ်ကို ယုံကြည်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ငရဲသည် ဘုရားသခင်၏ အသက်နှင့် ကွဲပြားခြားနား သည်ကို တွေ့ရသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ငရဲသို့ မရောက်စေလိုပါ။ ငရဲဆိုသည်မှာ စာတန်နှင့် သူ၏အပေါင်းအပါ များအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာတန်မာရ်နတ်၏ လမ်းသို့လိုက် ၍ အယူဝါဒလွဲမှားကာ ဒုစရိုက်နှင့် ပျော်မွေ့မည်ဆိုလျှင် ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်ဖြစ်သည်။ ဘုရား သခင်သည် လူသားများ ကယ်တင်ခြင်းရရန် အလိုရှိသည်။ ( ၁တိ ၂း၎ ) သို့ဖြစ်၍ ဘုရားသခင်သည် သား တော်ကို လောကလူသားတို့အတွက် အခမဲ့ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ခရစ်တော် အသေခံခြင်းသည် လူသားများ တရားစီရင်ခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ ထို့ကြောင့် (ဟေ ၅၃း၆ ) တွင် " ငါတို့ရှိသမျှ သည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည် ဖြစ်၍၊ ထာဝရဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏ " ဟု ဖော်ပြထားပါသည်။ စစ်မှန်သော ယုံ ကြည်သူများအတွက်မူ တရားစီရင်ခြင်းသည် ကျော်လွန်သွားပြီး ဖြစ်လေသည်။ ငရဲလည်း မရှိတော့ပေ။  ထာဝရသေခြင်းဟူကား ဝေးစွ၊ ခရစ်တော်သည် ကျွနင်္ုပ်တို့အတွက် အသေခံခြင်းအားဖြင့် ထာဝရသေခြင်းကို ဖျက်ဆီးခဲ့သည်။ ( ဖိလိပ္ပိ ၁း၂၃၊ ၁ယော ၃း၁၄ ) မယုံကြည်သူတစ်ယောက်သည် သေဆုံးသည့်တိုင် မျှော် လင့်ချက်ကင်းမဲ့၍ ယုံကြည်သူ ခရစ်ယာန်တစ်ယောက်သည် အဆုံးမရှိသော မျှော်လင့်ခြင်းရှိသည်။
ဆာ ၁၆း၁၁ တွင် " အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော် မူလိမ့်မည်။ အထံတော်၌ စုံလင်သော ၀မ်းမြောက် ခြင်းနှင့် လက်ျာတော်နားမှာအစဉ် ပျော်မွေ့ခြင်းအခွင့်ရှိပါ " ဟုဖော်ပြထားသည်ကို တွေ့ရသည်။ သင်သည် ထာဝရဘုရားအမြင်မှ မိမိသည် အပြစ်သားတစ်ဦးဖြစ်ကြောင်းကို နှိမ့်ချစွာ သိမှတ်ပြီး ခရစ်တော်သည် ကား တိုင်ပေါ်၌ အသေခံပြီး အသွေးတော်အားဖြင့် ရွေးနုတ်ခဲ့ခြင်းကို ယုံကြည်လျှင် ကယ်တင်ခြင်းရ၍ နှလုံးသား
 ၌ ငြိမ်သက်မှုကို ရရှိမည်။ ကယ်တင်ခြင်းရရန် အံ့သြဖွယ်အမှု ပြုရန်မလိုပါ။ အံ့သြဖွယ် သခင်ယေရှုကို လက်ခံရန်သာလိုသည်။ ယော ၁း၁၂တွင် " ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံ ကြည်သော သူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ " ဟုဖော်ပြထားသည်။ ထို့ကြောင့် သခင်ယေရှုခရစ်တော်အား ယုံကြည်လက်ခံ၍ သင်၏အသက်တာကို အပ်နှံပါ၊ သခင်ယေရှုခရစ်တော်အား ၀န်ခံခြင်းမရှိဘဲ အချိန်တွေကို မကုန်လွန်စေပါနှင့်။

ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဆရာမခင်ခင်မိုး
အမ်-၀ိုင်-စီ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )