22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 19, 2011

ဖြုစင်သော နှလုံးသား

စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ။ ( ရှင်မဿဲ ၅း ၈ )
ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာခံစားရဖို့ အရေးကြီးတဲ့အရာတစ်ခုက ကျနော်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဘုရားသခင့်မျက်မှောက်တော်ကို ခံစားရသူများ ဖြစ်ဖို့ပါပဲ။ တစ်နည်းအားဖြင့် ထိုးဖောက်မှုရှိသောအသက်တာ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီလိုထိုးဖောက်မှုရှိတဲ့ အသက်တာ၊ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ခံစားရတဲ့ အသက်တာအတွက် အရေးကြီးဆုံးအရာတစ်ခုက ဖြူစင်တဲ့ နှလုံးသား ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရိုးစင်း တဲ့နှလုံးသားလည်း ဖြစ်တယ်။ စင်ကြယ်တဲ့နှလုံးသားလည်း ဖြစ်တယ်။ ကျနော်တို့ အတွင်းစိတ်နှလုံးက ကြည် လင်ဖို့၊ ဖြူစင်ဖို့၊ သန့်ရှင်းဖို့၊ ရိုးသားဖို့နဲ့ ရှင်းလင်းဖို့ အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ဘုရားသခင်ဟာ သန့်ရှင်းတဲ့ဘုရား ဖြစ်တယ်။ ( ဟာလေလုယာ )……။ ကျနော်တို့ စိတ်နှလုံးတွေ စင်ကြယ်ဖို့ မလွယ်ပါဘူး။ စိတ် နှလုံးကိစ္စဆိုတာ နေ့တိုင်းတိုက်ပွဲ ၀င်နေရတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်တယ်လို့ ထင်နေတဲ့ အချိန်ဟာ မာန်မာနတွေကြီးနေတဲ့ အချိန်ဖြစ်တတ်ပြီး၊ စင်ကြယ်တယ်လို့ ထင်လေလေ၊ မာနကြီးလေလေ ဖြစ် တယ်။ ၀ါကြွားမှုတွေ၊ ဟန်ဆောင်မှုတွေက ဘယ်သူ့ကိုမှ လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်ဘဲ ကိုယ့်စိတ်နှ လုံးက မိမိကိုယ်ကို လှည့်ဖြားနေခြင်းပဲ ဖြစ်တယ်။ ယေရမိအနာဂတ္တိကျမ်း ၁၇း၉ မှာ “ စိတ်နှလုံးသည် ခပ်သိမ်း သောအရာထက် စဉ်းလဲတတ်၏ ။ အလွန်ယိုယွင်းသောသဘောရှိ၏ ။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင် သနည်း “  သူတစ်ပါးစိတ်ကို မပြောနဲ့၊ ကိုယ့်စိတ်ကိုတောင် သိဖို့မလွယ်ဘူး။ သူတစ်ပါးစိတ်ကို သိတယ်လို့ပြော တဲ့သူတွေဟာ လျှောက်ပြော နေခြင်းပဲဖြစ်တယ်။ ကိုယ့်စိတ်ကို သိဖို့ဟာလုံးဝ မလွယ်တဲ့အရာ ဖြစ်တယ်။
ကိုယ့် စိတ်က မိမိကို လိမ်ညာနေတာ ဖြစ်တယ်။ လူတစ်ချို့က ပြောတတ်တယ် “ ငါသူ့မျက်နှာကို ကြည့်လိုက်တာနဲ့ သူ့စိတ်ကို သိတယ် “ ။ အလကား လျှောက်ပြောနေတာ။ ဆရာကြီး Watchman Nee က “ နှိမ့်ချဖို့ဆိုတာ အ ရမ်းအရေးကြီးတယ်။ ပြဿနာက မိမိကိုယ်မိမိ နှိမ့်ချမှန်း သိနေသရွေ့ မနှိမ့်ချသေးပါ “။ သင်အမှန်တကယ်နှိမ့် ချတဲ့အခါ မိမိကိုယ်မိမိ သိမှာမဟုတ်ဘူး။ ဆာလံ ၁၃၉း ၂၃-၁၄ မှာ “ အို….ဘုရားသခင် အကျွန်ုပ်ကိုစစ်ကြော ၍ အကျွန်ုပ်၏စိတ်နှလုံးကို သိမှတ်တော်မူပါ၊ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်း သို့ ကျွန်ုပ်လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းသို့ သွေးဆောင်တော်မူပါ “။ ဒါ့ကြောင့် ဆာလံ ဆရာကြီးက ဒီသဘောကို သိလို့ ဘုရားသခင်ဆီ အမြဲတမ်း အစစ်ဆေးခံနေခြင်းဖြစ်တယ်။ တစ်ခါတစ်ရံကျနော် တို့က တစ်ယောက်ယောက်ကို စေတနာနဲ့ အကြံပေးသလို ရှိပေမယ့်လည်း အဲဒီစေတနာရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်လေး ရှိတတ်တယ်။ ဒါကြောင့် စကားပြောတဲ့အခါ ဘာ့ကြောင့်ပြောသလဲဆိုတဲ့ ရည်ရွယ်ချက်က အရေးကြီးပါတယ်။ သင်လုပ်နေတဲ့ အလုပ်ရဲ့နောက်ကွယ်မှာရှိတဲ့ ရည်ရွယ်ချက်က အရေးကြီးပါတယ်။ စစ်မှန် သော ဆက်ကပ်ခြင်းဆိုတာ အလုပ်တစ်ခုကို စတင်လုပ်တော့မယ့် အချိန်မှာ ဆုတောင်းနေခြင်းပဲမဟုတ်ပါဘူး မှန်တကယ် ဆက်ကပ်တဲ့အသက်တာဆိုတာ “ ကိုယ်တော် ကျွန်ုပ်ရဲ့အကြံအစည်ကို စစ်ဆေးပါ။ ဆိုးသော လမ်းသို့ လိုက်သည်၊ မလိုက်သည်၊ ကျွန်ုပ်၏ အကြံအစည် မှန်သည် မှားသည်ကို ကိုယ်တော် သိတော်မူသော ကြောင့် ထာဝရလမ်းသို့ သွေးဆောင်တော်မူပါ “ ကျနော်တို့ရဲ့စိတ်နှလုံးအကြံအစည်ဟာ ဖြူစင်သန့်ရှင်းလာတဲ့ အခါ မမြင်နိုင်တဲ့ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းကသာ၍ နေရာယူလာမှာဖြစ်တယ်။ ကျနော်တို့ ဆုတောင်းခြင်း၊  ချီးမွမ်းကိုးကွယ်ခြင်းလုပ်တဲ့အခါ လူတစ်ယောက် အပေါ်မှာ စိတ်ဆိုးနေရင် ဘုရားမျက်မှောက်တော် ခံစားမယ့် အစား ခံပြင်းတဲ့စိတ်၊ မခွင့်လွှတ်နိုင်တဲ့စိတ်ဝင်လာပြီး မှားယွင်းတဲ့ အတွေးအခေါ်ဖြစ်လာလို့ ဘုရားသခင်ကို   နံဝိညာဉ်၊ သစ္စာတရားနဲ့ မကိုးကွယ်နိုင်တော့ဘူး။ ကျနော်တို့ရဲ့ ရန်သူ စာတန်က စိတ်နှလုံးထဲမှာ ၀င်ရောက် တိုက်ခိုက်နေပြီး မုန်းတီးခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်အားငယ်ခြင်းတွေ ထည့်ပေးပါတယ်။ ဒါကြောင့် ဘုရားသခင် ရှေ့မှာ စင်ကြယ်တဲ့ နှလုံးသားရှိဖို့ မလွယ်ကူတော့ဘူး။ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် စကားများကြ တာလည်း ဘာမဟုတ်တဲ့ အကြောင်းကိစ္စလေး ကြောင့်သာ ဖြစ်တတ်တယ်။ တစ်ယောက်ကို တစ်ယောက်မာန် မာနပြိုင်ကြပြီး အလျှော့မပေးချင်တဲ့အတွက်ကြောင့် ရန်ဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ ဆုတောင်းရင်  စိတ်နှလုံးမပါနိုင်တော့ဘူး။ သီချင်းဆိုရင်လည်း အနှောင့်အယှက်တွေ အတွေးထဲ ၀င်လာတာကြောင့် ဘုရား မျက်မှောက်တော် မခံစားနိုင်တော့ဘူး။ တစ်ခါတလေ ဆုတောင်းသလိုလိုနဲ့ စိတ်ကူးယဉ်ပြီး အချိန်ကုန်သွား တတ်တယ်။ ဘုရားကျောင်းထဲမှာလည်း ခပ်တည်တည်နဲ့ တင့်တင့်တယ်တယ် ၀တ်ဆင်ပေမယ့်လည်း စိတ် နှလုံးက ညစ်ညူးနေတတ်တယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်တဲ့အခါ တစ်စုံတစ်ခု ဖြစ်တော့ မယ်ဆိုတာကို နတ်ဆိုးတွေက သိလို့ နှောင့်ယှက်တာဖြစ်တယ်။ နတ်ဆိုးတွေက “ မင်းကိုငါ တိုက်ခိုက်ပြီ “ လို့ ဘယ်သောအခါမှ ပြောမှာမဟုတ်ပါဘူး။ တိတ်တိတ်လေးအရသာရှိရှိ ကျနော်တို့ စိတ်ကူးထဲ ၀င်လာတတ်  တယ်။ ဒါတွေကို တွေးတဲ့အခါ အခြားအရာတွေထက် အရသာပိုရှိတယ်။ ဒါကြောင့် နှစ်သစ်မှာ ယုံကြည်သူတွေ ၀ိညာဉ်ရေးရာမှ ပြန်လည်နိုးကြားပြီး အသစ်တဖန် လန်းဆန်းဖို့ ဘုရားရှင် ကောင်းကြီးပေးပါစေ။  ( ဟာလေလု ယာ ) ကျနော်တို့ အသက်တာမှာ ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်တဲ့အခါ အနှောင့်အယှက်တွေ ၀င်လာရင် မျက်မှောက်တော်မခံစားနိုင်တော့ဘူး။ ဒါ့ကြောင့် နှုတ်ကပတ်တော်က ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်း ဖို့ တိုက်တွန်းထားတာဖြစ်တယ်။ တစ်ခါတလေမှ မဟုတ်ဘဲ အမြဲတမ်းစိတ်နှလုံးပါရမယ်။ ကိုယ်ဆုတောင်းတာ တခြား၊ စိတ်ကူးယဉ်တာ တခြား၊ ကိုယ်ဆိုနေတာတခြား၊ ကိုယ့်ခံစားချက်ကတခြား ဖြစ်တယ်တယ်။ ကိုယ်ဆို နေတဲ့သီချင်းကို အမှန်တကယ် ခံစားတတ်လာပြီး စိတ်နှလုံးပါလာရင် ကိုယ့်မျက်နှာမှာ ပေါ်လာမယ်။ ၀မ်းမြော က်သည်ဆိုပြီး မျက်နှာမှာ ခပ်မှိုင်မှိုင်ဖြစ်နေရင်တော့ စိတ်နှလုံးမပါလို့ပဲ။ နှစ်သစ်မှာ ညီအကိုမောင်နှမအားလုံး ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ အရှိန့် ပြေးနိုင်ဖို့ စိတ်နှလုံးဖြူစင်ဖို့ အရေးကြီးပါတယ်….အာမင်။ ကိုယ် တွင်း ၀ိညာဉ်သန့်ရှင်းလာတဲ့အထိ ဆုတောင်းဖို့လိုပါတယ်။ ကျနော်လည်း ဆုတောင်းတဲ့အခါ တစ်ခါတလေ စိတ်ကူးယဉ်မိတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ဆုတောင်းတယ်လို့ ထင်ပေမယ့် အချိန်တော်တော်ကြာသွားမှ ငါ စိတ်ကူးယဉ်နေပါလားဆိုပြီး ကိုယ့်ခေါင်းကိုပြန်ခေါက်ပြီး သတိပေးခဲ့ရတယ်။ ကိုယ့်ကိုကိုယ် ပြန်လည်ဆက်ကပ် ရတယ်။ ကျနော်တို့ ပြန်လာကြရအောင်။ ပြန်ဆုတောင်းကြရအောင်။ စိတ်နှလုံးပါလျက် စိတ်နှလုံးသွန်းလောင်း လျက် အမှန်တကယ် ဘုရားသခင်ကို ဖူးမျှော်တတ်လာအောင်၊ ဘုရားမျက်မှောက်တော်ခံစားတတ်လာအောင် ကိုးကွယ်တတ်လာအောင်၊ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းကို ခံစားတတ်လာအောင်၊ ဘုရားရဲ့သန့်ရှင်းခြင်း၊ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ အမှန်တကယ် ခံစားတတ်လာအောင် ကိုယ့်ကိုကိုယ် တိုက်ပွဲဝင်ကြရအောင်။ ကိုယ့် စိတ်နှလုံးရဲ့ ကောက်ကျစ်စဉ်းလဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမှ ထွက်လာပြီး ဘုရားမျက်မှောက်တော်ကို ကိုး ကွယ်တတ်လာတဲ့အထိ ဆုတောင်းဆက်ကပ်ကြရအောင်။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
သိက္ခာတော်ရဆရာဒေါက်တာဒမ်ဆွမ်းမုန်

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )