22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 18, 2011

သခင်ယေရှု သင့်အတွက် လုပ်ဆောင်ပေးခြင်းကို သတိရပါ

“ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။ ယေရှုခရစ်၌တည်၍အသက်ရှင် စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ် လွှတ်ပြီ။” (ရော ၈း၁-၂)
အရှက်သည် ပျက်စီးစေသော စိတ်ခံစားမှု။ ဤအရာသည် ပြစ်တင်ဝေဖန်ရှုတ်ချခြင်း ပုံစံ၊ သင်၏အသက် တာတွင် ပျော်ရွှင်မှုကို လုယက်သည်နှင့်ဖြိုဖျက်သည်။
ဘုရားသခင်က သင်၏အသက်တာတွင် အပြစ်ရှိခြင်းနှင့်အရှက် ၀န်ထုပ်များဖြင့်ကိုမလိုလားပါ၊ ထိုကြောင့် သခင်ယေရှုစေလွှတ်၍ လွှတ်လပ်မှုကိုပေးသည်။
သခင်ယေရှုကသင်အတွက်အောင်မြင်ခြင်းရသည်၊ အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကိုဖြတ်သန်း၍၊ ထိုကြောင့် သင်၏အသက်တာတွင် အရှက်မှလွတ်မြောက်ရန်၊ သခင်ယေရှု သင့်အတွက် လုပ်ဆောင် ပေး ခြင်းကို နေ့စဉ်သတိရပါ။
ရောမ ၈း၁ က “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။” သင်သည် ယုံကြည်သူဖြစ်ပြီး၊ သင်သည်သခင်ယေရှုကို သင်၏သခင်၊ နှင့်ကယ်တင်ရှင်အဖြစ်ယုံကြည်လျှင်၊ သင်၏အသက်တာတွင် အပြစ်နှင့်အရှက် တို့မဖြစ်နိုင်လာနိုင်တော့ပါ။
ဤအရာသည်၊ ခရစ်ယာန်တစ်ယောက်ဖြစ်လာလျှင် အပြစ်မလုပ် သို့မဟုတ် အမှားအယွင်းမလုပ် မဟုတ်ပါ၊ သင်လုပ်မိမည်။  သို့သော်လည်း၊ သင်ကိုပြစ်တင်ဝေဖန်ရှုတ်ချခြင်းမပြုလုပ်ပါ၊ သင်ကိုအကဲမဖြတ်တော့ပါ၊  သင်ဟာသူတို့၏အကျိုးဆက်များမှလွတ်မြောက်ပြီ၊ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုက သင်၏ အပြစ်များ အတွက် လက်ဝါးကပ်တိုင်မှာအသေခံခဲ့သည်၊ ထိုကြောင့် ပြီးခဲ့တာတွေအတွက်သင် တံခါးပိတ် နိုင်ပြီ။
သခင်ယေရှု သင့်အတွက် လုပ်ဆောင်ပေးခြင်းကိုသတိရသည့်အတွက်၊ စွမ်းရည်အသစ်ကိုလည်းရသည်။ ၄င်းသည် စိတ်တန်ခိုးထက်ပို၍ကြီးမားသည်။  စိတ်တန်ခိုးသည် အပတ်ရည် အနည်းငယ် သို့မဟုတ် လအနည်းငယ် သာခံနိုင်ရည်ရှိသည်။ သင်သည်လက်မြောက်၍ မူလ အလေ့အကျင့် အဟောင်းနှင့် ဆွဲဆောင်မှုရှိသောအရာသို့ပြန်သွားသည်။ သို့သော်လည်း “ယေရှုခရစ်၌တည်၍အသက်ရှင် စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ် လွှတ်ပြီ။” (ရော ၈း၂)
သင်ကိုသင်ပြောင်းလဲရန် ကိုယ်ထူကိုယ်ထပြုလုပ်ခြင်းအတွက် အစီအစဉ်များရှိသည်၊ နှင့်သင်၏စိတ်တန်ခိုး ဖြင့်ပြုလုပ်ခြင်းဖြင့် တစ်ပတ် သို့မဟုတ် အပတ်အနည်းငယ်တွင် အောင်မြင်မှုရရှိမည်၊ သို့သော်သင်၏ အား ထုတ်မှုသည် တစ်စုံတရာအတိုင်းအတာ အထိသာရမည်။ အမှန်ကိုလုပ်ရန်သိခြင်းသည်၊ သင်ပြုလုပ် ဆောင်ရွက်နိုင်သည့် စွမ်းရည်ရှိသည်ဟုအဓိပ္ပါယ်မရပါ။
နောက်ဆုံးပြောင်းလဲခြင်းသည် သင်၏အတွင်းစိတ်ပြောင်းမှသာဖြစ်မည်။ သင်၏အတွင်းသဘာဝအပြစ် ပြုလုပ်ခြင်း၊ ကိုတားစီးနိုင်တာကတော့၊ သခင်ယေရှု ပေးထားသောသန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။
ဘုရားသခင်၏ နောက်ဆုံးပြောင်းလဲရန် အစီအစဉ်မှာ “ဇာတိပကတိကြောင့်ပညတ်တရားသည်အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသောဇာတိပကတိ၏ သဏ္ဍန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။ အကြောင်းမူးကား၊ ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။”(ရော ၈း၃-၄)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )