![]() |
| အီတလီ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် တွေ့ဆုံမှု မြင်ကွင်းဓာတ်ပုံ (The Voice Weekly) |
ရန်ကုန်၊ ဧပြီ - ၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ယခုကျင်းပနေသော လွှတ်တော်အစည်းအ ဝေးများသို့ မတက်ရောက်သည့် ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင် ရာပြဿနာတစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာမဟုတ်ကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာသည့်အခြေအနေသို့ ရောက်ရှိစေရန် တွန်းအားပေးမည်မဟုတ် ကြောင်းနှင့် ပါတီကို ထောက်ခံအားပေးသူများလည်း တစ်သဘော တည်းရှိမည်ဟုထင်မြင်ကြောင်း ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

သို့ရာတွင် ဘီဘီစီသတင်းဌာန၏ မည်သည့်အချိန်၌ ပါလီမန်ထဲ သွားနိုင်မည်လဲဟူသော မေးခွန်းကို “အဲဒီ့မေးခွန်းကို ကျွန်မအခု အဖြေနိုင်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွာ
ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်သည်ဟု သူမကပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထ
ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့သည်။သ
5:44 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com