22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 28, 2011

ညဘက်အစားစားတတ်သူများ

Health Digest
ကာဗိုဟိုက်ဒြိတ်, ဆီရီတို
ညဘက် ကျမှ အစား အသောက်တွေ စားတတ်တဲ့ သူတစ်ယောက် ဖြစ်နေရခြင်းဟာ အောက်ပါ အကြောင်း အချက် နှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ တစ်နေကုန် ဘာမှမစားဘဲ အလုပ်တွေ စွတ်လုပ်နေလို့ တစ်နေ့တာကုန်ပြီး ညဘက် အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး အနားယူကာ စိတ်ဖိစီးမှုတွေကိုလည်း ဖြေတဲ့အနေနဲ့ အစားတွေ နင်းကန်စားတာလည်း ဖြစ်နိုင်ပါတယ်။ စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒြိတ်ဟာ ဆီရီတိုနင် ပမာဏကို မြင့်တက်လာစေတဲ့အတွက် ပြေလျော့မှုကို ခံစားရစေပါတယ်။ နောက်တစ်ခုကတော့ မိမိရဲ့စားချင်စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိ တာလည်း ဖြစ်နိုင်ပါတယ်။ မစားဘဲမနေပါနဲ့။ နံနက်စာ နေ့လယ်စာ၊ အဆာပြေမုန့်တွေကို စားဖြစ်အောင်စားပေးပါ။ ဒါမှ ညနေဘက် အငမ်းမရ စားသောက်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် စားချင်စိတ်ကို ထိန်းချုပ်ပါ။ သံပရာရည် ချိုချဉ်အေးအေး လေးတစ်ခွက်ကို ညစာမစားခင်နှင့် စားပြီးတစ်ခွက်စီ သောက်ပေးပါ။ အချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်နောက်ပိုင်း အစားမစားတော့ဘူးလို့ ဆုံးဖြတ်သန္နိဌာန်ချထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပါ။ ည ၇ နာရီနောက်ပိုင်း မစားဘူးလို့ ဆုံးဖြတ်ထားရင် အဲဒီအချိန်ရောက် ရင် သွားတိုက်လိုက်ပြီး ဘာမှနောက်ထပ် စားဖို့မကြိုးစားပါနဲ့တော့။ အစပထမမှာ ထိန်းချုပ်ရတာ ခက်ပေမယ့် နောက်ပိုင်း လွယ်ကူသွားပါလိမ့်မယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )