- Healthcare
အသက်အရွယ် ကြီးရင့်သူ များသည် အဆီပေါသည့် ငါးကို အများဆုံး စားသင့်ကြောင်း အစာ အာဟာရဆိုင်ရာ ပညာရှင် များက ဆိုသည်။ အဆီ ပေါသည့် ငါးများတွင် ဖက်တီး အက်ဆစ်ဓာတ် အများအပြား ပါဝင် သဖြင့် မကြာခဏ စားသုံးပါက အသက်အရွယ် ကြီးရင့်၍ အိုမင်းရင့်ရော်လာမှုကို အထိုက် အလျောက် လျော့နည်းစေ နိုင်သည်ဟု ဆို ကြသည်။
ထို့အပြင် လူ့ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုဖြစ်ထွန်းစေသဖြင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ခံစားရသည့် Dementiaခေါ် သတိမေ့လျော့ တတ်ခြင်း၊ ငယ်မူပြန်ခြင်း စသည့် ဝေဒနာများကို သက်သာစေသည်ဟု သုတေသီများက ပြောသည်။ "လူကြီးတွေ အဆီများတဲ့ ငါးကို မှန်မှန်စားရင် သတိမေ့တဲ့ရောဂါ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းပြီး ငယ်မူပြန်တဲ့ရောဂါ စတာတွေကို သက်သာစေပါတယ်။ ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပိုလာပြီး လူကြီးရောဂါမျိုးစုံကို ကာကွယ်ပေးနိုင် တယ်"ဟု သုတေသီတစ်ဦးက ပြောသည်။
5:49 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com