22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 28, 2011

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ကျရောဂါ လက္ခဏာများ
နေ့စဉ် နှင့်အမျှ စားဝတ် နေရေးအ တွက် လှုပ်ရှား ရုန်းကန် နေရသော ကျွန်ုပ် တို့တွင် တစ်ချိန် မဟုတ် တစ်ချိန် စိတ်ကျ ရောဂါ ဖြစ်ပေါ် တတ်သည်။ သို့သော်အချို့ မသိ လိုက် မသိ ဘာသာနှင့် နေကြ၍ အချို့ က ပြန်လည်ကောင်းမွန်သွားကြသည်။ အချို့မှာမူ ဆိုးဆိုးဝါးဝါး လက္ခဏာရပ်များ ပေါ်ပေါက်တတ်၍ အချို့ကမူ မိမိကိုယ်ကို သေ ကြောင်း ပင် ကြံစည်ကြလေသည်။ စိတ်ကျရောဂါသည် အမျိုးသားများ တွင် ပို၍အဖြစ်များ၍ အမျိုး သမီး ဦးရေ ထက်နှစ်ဆခန့် ပိုမိုမြင့်မားနေကြောင်း တွေ့ရသည်။ မည်သည့် အသက် အရွယ် တွင် မဆို ဖြစ်နိုင်သော်လည်း အများစုမှာ အသက်(၄၀) ကျော် အရွယ်များဖြစ်ကြသည်။
စိတ်ကျရောဂါဖြစ်နေခြင်း၏ ခက္ခဏာရပ်များ
- အလွန်အမင်း စိုးရိမ်ပူပန်တတ် လာခြင်း။
- အကြောင်းမဲ့ စိုးရိမ်ထိတ်လန့် နေခြင်း။
- ရောဂါမရှိဘဲ ခေါင်းကိုက်ခြင်း။
- ဂဏာမငြိမ်ခြင်း။ - စိတ်တိုလွယ်ခြင်း။
- အိပ်ချိန်ပြောင်းလဲခြင်း ( အိပ်မ ပျော်ခြင်း(သို့) အလွန်အကြူး အိပ်စက်ခြင်း)
- အစာစားချင်စိတ် ကုန်ခန်းခြင်း (သို့) အလွန်အကြူးအစာစားခြင်း။
- ဝမ်းချုပ်ခြင်း။
- မောပန်းလွယ်ခြင်း။
- ရည်မှန်းချက်၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်း။
- မိမိကိုယ်ကို အပြစ်ရှိသည်ဟု ယူဆနေခြင်း။
- မိမိကိုယ်ကို ယုံကြည်မှုကျဆင်း လာခြင်း။
- ယခင်ကကဲ့သို့ အလုပ်လုပ်ရာ တွင် အာရုံစူးစိုက်နိုင်မှု မရှိတော့ခြင်း။
- ပတ်ဝန်းကျင်အပေါ် အဆိုးမြင် လာခြင်း။
- ပတ်ဝန်းကျင်ကို စိတ်မဝင်စား တော့ခြင်း။
- လိင်စိတ် ကျဆင်းလာခြင်း။
- မနက်ခင်းများတွင်ပို၍ စိတ်ဓာတ် ကျနေခြင်း။
- အမျိုးသမီးများတွင် ရာသီမမှန် တော့ခြင်း တို့ဖြစ်ကြသည်။
ပို၍ဆိုးဝါးလာ လျှင် ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ မရှိ သည်ကို အရှိထင်ခြင်း၊ အသံများကြားနေ ရခြင်းတို့ဖြစ်ပေါ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်ရန်ပင် အားထုတ် တတ်ကြသည်။ မိမိ၏ ပတ်ဝန်းကျင်ကို စိတ်ကျရော ဂါရှိသူများ ရှိနေပါက၊ မိသားစု၊ သူငယ် ချင်းများအတူလက်တွဲ၍ စောင့်ရှောက် အားပေးပါ။ မိမိကိုယ်ကို ယုံကြည်မှုဖြစ် ပေါ်လာစေရန်နှင့် ပျော်ရွှင်မှု ရရှိနိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေး ပါ။ အပျော်ခရီးများကို မိသားစုသူငယ်ချင်း များနှင့် တစ်စုတစ်ဝေးတည်းထွက်ပါ။ အကောင်းမြင်စိတ်မွေးပါ။ မိမိကိုယ်ကို အပြစ်တင်ရှုံ့ချခြင်း၊ ဝေဖန်ခြင်းများမပြု လုပ်ပါနှင့်။ စိတ်အနှောက်အယှက်ဖြစ်၍ အလုပ်ထွက်ခြင်း၊ မိသားစုနှင့်လမ်းခွဲခြင်း၊ အိမ်ထောင်ရေး ပြတ်စဲခြင်း စသော အဆိုးမြင်လုပ်ရပ်များကို ဘယ်တော့မှ မလုပ်မိပါစေနှင့်။ ထို့ပြင် အရက်သောက် ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ် ဆေးဝါးများသည် စိတ်ကျခြင်းအတွက် အဖြမဟုတ်ပါ။ ရောဂါလက္ခဏာဆိုးဝါး နေလျှင် ဆရာဝန်နှင့်ပြသ၍ ဆေးဝါးများ ပုံမှန်သောက်သုံးပါက ဂဝ% ကျော် ပုံမှန် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ဖော်ပြလိုက်ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )